News @ M-Media

ရီးယဲလ်တွင်ရှင်သန်ရန် ဘင်နီတက်ဇ်မှာ ဖလားများယူပေးရမည်ဟု ဇီဒိန်းဆို

ဇွန် ၁၀၊ ၂၀၁၅
M-Media

real

– ရီးယဲလ်မက်ဒရစ်အသင်းတွင် ရှင်သန်ချင်ပါက ဆုဖလားများ ရယူပေးရမည်ကို နည်းပြသစ် ဘင်နီတက်ဇ်က သိရှိကြောင်း အရန်အသင်းနည်းပြဖြစ်သူ ဇီဒိန်းက ပြောကြားလိုက်သည်။

ပြီးခဲ့သည့်နှစ်က အောင်မြင်မှုမရခဲ့သည့် အန်ဆယ်လော့တီအား ထုတ်ပယ်ခဲ့ပြီးနောက် ရီးယဲလ်မှာ လီဗာပူးလ်နှင့် ဗလင်စီယာအသင်းတို့၏ နည်းပြဟောင်း ဘင်နီတက်ဇ်အား ၃ နှစ်စာချုပ်ဖြင့် ပြီးခဲ့သည့်တစ်ပတ်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ဇီဒိန်းကမူ ဘင်နီတက်ဇ်အနေဖြင့် ဆန်တီယာဂိုဘာနေဗျူးတွင် ရှင်သန်ချင်ပါက ဖလားများရယူပေးရမည်ကို သိရှိနေသည်ဟု ဆိုသည်။

“အသင်းက ဘင်နီတက်ဇ်ကို ရွေးချယ်ခဲ့ပြီး ဒါဟာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒီဆုံးဖြတ်ချက်ကို လေးစားဖို့ လိုပါတယ်။ ဘင်နီတက်ဇ်ဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုပါ။ ဒါပေမယ့် ရလဒ်တွေကိုပဲ ကြည့်မှာပါ။ သူက ဒီနေရာကို ကောင်းကောင်းသိပါတယ်။ သူ့ရှေ့မှာလာမယ့် စိန်ခေါ်မှုတွေကိုလည်း သိပါတယ်။ ဆုဖလားတွေကို ရရှိမှသာ သူက လုံလောက်မှာပါ” ဟု ဇီဒိန်းက Marca သတင်းစာသို့ ပြောကြားခဲ့သည်။

ဘင်နီတက်ဇ်အား မခန့်အပ်ခင် ဇီဒိန်းမှာ နည်းပြနေရာအတွက် ရေပန်းစားခဲ့ပြီး ၎င်းကမူ လက်ရှိကိုင်တွယ်နေသည့် အရန်အသင်းအား ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားရန် ပျော်ရွှင်သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်ဆက်ပြီး သင်ယူချင်ပါတယ်။ ပြီးတော့ ထိပ်တန်းလိဂ်မှာ ကျွန်တော် နည်းပြချင်ပါတယ်။ ဘောလုံးသမားဘ၀မှာ လုပ်ခဲ့သလို့ တစ်ဖြည်းဖြည်းနဲ့ ကျွန်တော် တိုးတက်သွားအောင် လုပ်သွားမှာပါ”

Ref: Goal

Comments

Leave a Reply