News @ M-Media

MMSY Talent 2011 ပြိုင်ပွဲ မန်ဘာမဟုတ်သူများပါဝင်နိုင်

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့ တွင် ကျရောက်မည့် MMSY ၄ နှစ်ပြည့်အ ထိမ်းအမှတ် အနေဖြင့်ကျင်းပသည့် MMSY Talent 2011 တွင် MMSY မန်ဘာမဟုတ်သူများလည်း ပါဝင်နိုင်သည်။

MMSY Talent  ပြိုင်ပွဲကို လူငယ်များ၏ ကိုယ်ပိုင်အရည်အသွေးများ ဖော်ထုတ်မြှင့်တင်နိုင်ရန်၊ ၀ါသနာတူချင်း သိကျွမ်း မိတ်ဆွေဖွဲ့ နိုင်ရန်နှင့် မိမိဝါသနာပါရာ ဖန်တီးထားရာများကို လူငယ်များကြား မျှဝေကြော်ညာ နိုင်ရန် ရည်ရွယ်သည်။

ကျင်းပမည့် ပုံစံမှာ စာပေ၊ ဂီတ အနုပညာ၊ အားကစား၊ လူမှုထူးချွန်မှု စ သည့် ဘက်ပေါင်းစုံမှ ၀င်ရောက်ယှဉ်ပြိုင်လို သည့် ကျွမ်းကျင်ရာ၊ ၀ါသနာပါရာ၊ မိမိကိုယ်ပိုင်များအနက် နောက်ဆုံးတခုကို မန်ဘာများ၏ မဲ အဆင့်အဆင့်ဖြင့် ရွေးချယ် မည်ဖြစ်သည်။ လက်ရှိရံပုံငွေအရ နောက်ဆုံး ရွေးချယ်ခံရသူကို မြန်မာငွေကျပ်တစ်သိန်း ဆုချီးမြှင့်ပြီး ဒုတိယနှင့် တတိယ ရသူများကိုလည်း အသိအမှတ်ပြု လက်ဆောင်များပေးအပ်မည်။

မန်ဘာမဟုတ်ပဲ MMSY Talent 2011 တွင် ပါဝင်ယှဉ်ပြိုင်လိုပါက [email protected] သို့  ဆက်သွယ်ပြီး အသေးစိပ်ကို မေးမြန်းနိုင်ပါသည်။ မန်ဘာဝင်များ အတွက် အသေးစိပ်ကို အောက်ပါလင်ခ့်တွင်ဖတ်ရှုနိုင်သည် [အသေးစိပ်ဖတ်ရန်]။

MMSY Talent 2011 သည် ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်ကျင်းပသည့် MMSY Talent 2010 တွင် ဘိုလတ် (တောင်ကြီး) နှင့် မျိုးဟန်တို့  တွဲဖက် အနိုင်ရရှိသွားသည်။

Comments

Leave a Reply