News @ M-Media

Category: သတင်းများ

ပြည်တွင်းသတင်းနှင့် ကမ္ဘာ့သတင်းများ

  • အငတ်ဘေးကြောင့် လူ ၁၀ ဦး ထပ်မံသေဆုံး – ဂါဇာ

    အငတ်ဘေးကြောင့် လူ ၁၀ ဦး ထပ်မံသေဆုံး – ဂါဇာ


    သြဂုတ် ၂၈၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – ဂါဇာမှ မြင်ကွင်းတစ်ခု)

    သြဂုတ်လ ၂၇ ရက်နေ့က ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာ အငတ်ဘေးနောက်ဆက်တွဲ အဟာရပြတ်လပ်မှုကြောင့် လူ ၁၀ ဦး ထပ်မံသေဆုံးခဲ့ပြီး ဒီအထဲမှာ ကလေးငယ် ၂ ဦး ပါ၀င်ပါတယ်။

    ၂၀၂၃ ခုနှစ်အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အငတ်ဘေးကြောင့် သေဆုံးသူအရေအတွက်ဟာ ၃၁၃ ဦး ရှိလာပြီး၊ ကလေးငယ် ၁၁၉ ဦး ပါ၀င်ပါတယ်။

    အစ္စရေးဟာ ဂါဇာကို နိုင်ငံတကာက အကူအညီတွေ ၀င်ရောက်ခွင့်မရအောင် လုပ်ဆောင်ထားပြီး၊ အကူအညီပေးရေးအဖွဲ့တွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့အတွက် အငတ်ဘေးကျရောက်နေတာလို့ ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ထုတ်ပြန်ထားပါတယ်။

    Ref : Aljazeera

  • ဂျာနယ်လစ်များနေထိုင်ရာတဲ ပစ်မှတ်ထား တိုက်ခိုက်ခံရ – ဂါဇာ 

    ဂျာနယ်လစ်များနေထိုင်ရာတဲ ပစ်မှတ်ထား တိုက်ခိုက်ခံရ – ဂါဇာ 

    သြဂုတ် ၁၁၊ ၂၀၂၅

    M-Media

    အလ်ဂျာဇီးရား ဂျာနယ်လစ် အလ်-ရှရစ်ဖ်

     သြဂုတ်လ ၁၁ ရက်နေ့မနက်ပိုင်းက ဂျာနယ်လစ်တွေနေထိုင်တဲ့ တဲတစ်လုံးကို အစ္စရေးက ဒရုန်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဂျာနာလစ် ၇ ဦးသေဆုံးခဲ့ပါတယ်။ 

    ဂါဇာကမ်းမြှောင် အလ်ရှီဖာဆေးရုံ ၀င်ပေါက်နားက တဲတစ်လုံးကို အစ္စရေးက တိုက်ခိုက်ခဲ့တာပါ။ သေဆုံးသူတွေထဲမှာ အလ်ဂျာဇီးရားသတင်းဌာနက ထိပ်တန်း သတင်းတင်ဆက်သူ အနက်စ် အလ်-ရှရစ်ဖ်နဲ့ လုပ်ဖော်ကိုင်ဖက် ၄ ဦး ပါ၀င်သွားပါတယ်။ 

    အလ်-ရှရစ်ဖ်ဟာ ပါလက်စတိုင်းနဲ့ ဂါဇာက မြေပြင် ပကတိအခြေအနေတွေကို ကွင်းဆင်းတင်ပြရာမှာ ထင်ရှားပါတယ်။ ဂျာနယ်လစ်များဆိုင်ရာ အဖွဲ့တစ်ချို့က အစ္စရေးရဲ့အန္တရာယ် ရှိနေပြီလို့ အလ်-ရှရစ်ဖ်ကို သတိပေးထားဖူးပါတယ်။ 

    မြန်မာအပါအ၀င် ကမ္ဘာတစ်၀ှမ်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ရာဇ၀တ်မှုတွေကို ဖုံးကွယ်ချင်တဲ့အခါ၊ ရာဇ၀တ်မှုဖော်ထုတ်တဲ့ ဂျာနယ်လစ်တွေကို ပစ်မှတ်ထား လုပ်ကြံလေ့ရှိပါတယ်။ နိုင်ငံတကာ ဥပဒေအရ ဂျာနယ်လစ်တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မြောက်ပါတယ်။ 

    ဂါဇာမှာ ၁၈ လအတွင်း အစ္စရေးလက်ချက်ကြောင့် သေဆုံးသူ ဂျာနယ်လစ် အရေအတွက်ဟာ ၂၀၀ နီးပါး ရှိလာပါပြီ။

    Ref: Video Credit – Aljazeera

  • ရိက္ခာယူရန် တန်းစီစဥ် သတ်ဖြတ်ခံလိုက်ရသည့် ပါလက်စတိုင်း ပီလီ – ဂါဇာ

    ရိက္ခာယူရန် တန်းစီစဥ် သတ်ဖြတ်ခံလိုက်ရသည့် ပါလက်စတိုင်း ပီလီ – ဂါဇာ

    သြဂုတ် ၁၀၊ ၂၀၂၅

    M-Media 

    ပါလက်စတိုင်း လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဆိုလိုင်မန် အလ် အိုဘိုဒ်ဟာ သြဂုတ်လ ၆ ရက်နေ့က ဂါဇာမှာ အသတ်ခံလိုက်ရပါတယ်။ 

    အမေရိကန်ကျောထောက်နောက်ခံပြု အကူအညီပေးရေးအဖွဲ့  GHF က ၀ေငှတဲ့ ရိက္ခာကိုယူဖို့ တန်းစီ စောင့်ဆိုင်းနေတဲ့အချိန် အစ္စရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို ခံလိုက်ရတာပါ။ ဆူလိုင်မန်ဟာ ပါလက်စတိုင်းကလပ်အသင်းတစ်ချို့မှာ ကစားခဲ့ပြီး ပါလက်စတိုင်းပီလီလို့လည်း နာမည်ကျော်ပါတယ်။ ကစားသမားဘ၀တစ်လျှောက် ဂိုးပေါင်း ၁၀၀ ကျော် သွင်းယူထားပါတယ်။ 

    ၂ နှစ်နီးပါး ရှိလာပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ ဘောလုံးသမား၊ ဒိုင်လူကြီးနဲ့ နည်းပြတွေအပါအ၀င် ပါလက်စတိုင်း ဘောလုံးလောကက စုစုပေါင်း ၃၂၁ ဦး အသတ်ခံထားရပါတယ်။ 

    အကူအညီပေးရေးနေရာတွေမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူအရေအတွက်က ၁၃၀၀ ကျော်ပါပြီ။ 

    Ref: Aljazeera

  • အစ္စရေးဘောလုံးပရိတ်သတ်များကို လက်မြှောက်ထားရသည့် ဥရောပ 

    အစ္စရေးဘောလုံးပရိတ်သတ်များကို လက်မြှောက်ထားရသည့် ဥရောပ 

    သြဂုတ် ၁၀၊ ၂၀၂၅

    M-Media 

    (သတင်းမှန်များကို ဖတ်ရှုဖို့ M-Media Burmese ကို Like လုပ်စို့)

    (သတင်းမှန်များ ပြန့်နှံ့ဖို့ M-Media Burmese ကို Share ကြစို့)

    အစ္စရေးကလာတဲ့ ဘောလုံးပရိတ်သတ်တွေ ဆူပူသောင်းကျန်းပြီး၊ လူမျိုးစုလိုက် သတ်ဖြတ်အမြစ်ဖြုတ်ဖို့ တိုက်တွန်းဆော်သြတာမျိုးကို ဥရောပနိုင်ငံတစ်ချို့မှာ ခပ်စိပ်စိပ် တွေ့လာရပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ်က လတ်ဗီးယားနိုင်ငံကိုလာပြီး Riga FC အသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ အစ္စရေးကလပ် Beitar Jerusalem အသင်း ပရိတ်သတ်တွေဟာ ကွင်းတွင်းကွင်းပြင်မှာ မီးရှူးမီးပန်းတွေ အကြီးအကျယ်ဖောက်ပြီး ဂါဇာက လူမျိုးတုန်းသတ်ဖြတ်မှုကို ထောက်ခံကြောင်း ဟစ်အော်ခဲ့ကြပါတယ်။ 

    Beitar Jerusalem အသင်း အားပေးသူတွေဟာ  လူမျိုးရေးခွဲခြားမှု အပြင်းထန်ဆုံး ပရိတ်သတ်အဖြစ် ဘောလုံးလောကမှာ ထင်ရှားပါတယ်။ 

    ပြီးခဲ့တဲ့ဇူလိုင်လ ရိုမေးနီးယားမှာကစားတဲ့ ပွဲတစ်ခုမှာလည်း ဒီပရိတ်သတ်တွေဟာ လမ်းမတွေပေါ်မှာ စု၀ေးချီတက်ပြီး အာရပ်ဆန့်ကျင်ရေး၊ ပါလက်စတိုင်းဆန့်ကျင်ရေး အမုန်းစကားတွေကို ဟစ်အော်ခဲ့ကြပါတယ်။ 

    အခြားအစ္စရေးကလပ်အသင်းတစ်ခုဖြစ်တဲ့ Maccabi Tel Aviv ပရိတ်တွေကလည်း ပြီးခဲ့တဲ့နှစ် နို၀င်ဘာလက  နယ်သာလန်နိုင်ငံ အမ်စတာဒမ်မှာ စု၀ေးချီတက်ကာ ပါလက်စတိုင်းမုန်းတီးရေး ကြွေးကျော်သံတွေ ဟစ်အော်ခဲ့ပြီး ပြည်သူပိုင် ပစ္စည်းတစ်ချို့ကိုလည်း တိုက်ခိုက်ဖျက်ဆီးခဲ့ကြပါတယ်။ 

    ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေက အရေးယူတာမျိုး မရှိပါဘူး။ 

    Video Credit – Aljazeera 

  • အကူအညီမ၀င်ရ ထိုင်သပိတ် – ဂါဇာ 

    အကူအညီမ၀င်ရ ထိုင်သပိတ် – ဂါဇာ 

    သြဂုတ် ၇၊ ၂၀၂၅

    M-Media 

    ဂါဇာကမ်းမြှောင်ကို သွားမယ့် အကူအညီပေးရေးထရပ်ကားတွေကို ဂျူးအခြေချနေထိုင်သူတွေက သြဂုတ်လ  ၆ ရက်နေ့မှာ ထိုင်သပိတ်တားပြီး တားဆီးခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒုတိယအကြိမြောက် ဟန့်တားမှုပါ။ ‘ပါလက်စတိုင်းများ ပျောက်ကွယ်သွားပါစေ’ ဆိုတဲ့ ကြွေးကျော်သံတွေကိုလည်း ဟစ်အော်ခဲ့ကြပါတယ်။ 

    အစ္စရေးရဲ့ ၂ နှစ်နီးပါးကြာ သတ်ဖြတ်ပိတ်ဆို့မှုတွေကြောင့် ဂါဇာမှာ အငတ်ဘေးဆိုက်နေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းက အကူအညီတွေ အလျင်အမြန်ပေးပို့နိုင်ရေး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ 

    Ref – Aljazeera