စက်တင်ဘာ ၂၉၊ ၂၀၁၅
M-Media
– လာမည့်နှစ်ဆန်းတွင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်မည့် ပက်ကွီအို၏ ပြိုင်ဘက်မှာ အမီးရ်ခန်းဖြစ်လိမ့်မည်ဟု ပက်ကွီအို၏ ပွဲစီစဉ်သူ ဘော့ဘ် အေရမ်က ပြောကြားလိုက်သည်။
မေ၀ယ်သာအား ရှုံးနိမ့်ခဲ့ပြီးကတည်းက ပက်ကွီအိုမှာ အမီးရ်ခန်းအား ၎င်း၏ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဗြိတိန်လက်ဝှေ့ကျော်၏ ဦးလေး၊ ရှေ့နေတို့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု အေရမ်က ထည့်သွင်းပြောကြားခဲ့သည်။
ခန်းမှာ မေ၀ယ်သာ၏ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲတွင် ထိုးသတ်ရန် ဆန္ဒရှိခဲ့သော်လည်း မေ၀ယ်သာက လက်မခံဘဲ အန်ဒရေဘာတိုကိုသာ ရွေးချယ်ကာ အနိုင်ထိုးသက်ခဲ့သည်။ ပုခုံးဒဏ်ရာမှ ပြန်ကောင်းလာမည့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ ထိုးသတ်ဖြစ်ပါက လာမည့်နှစ် ဖေဖော်ဝါရီ သို့မဟုတ် ဧပြီလတွင် ဖြစ်လာနိုင်ဖွယ်ရှိနေသည်။
ပက်ကွီအိုအတွက် ထိုပွဲမှာ နောက်ဆုံးဖြစ်မည်ဖြစ်ပြီး ထို့နောက်ပိုင်းတွင် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်တော့မည်ဖြစ်သည်။
Ref: Dailymail
Leave a Reply
You must be logged in to post a comment.