အောက်တိုဘာ ၂၁၊ ၂၀၁၅
M-Media
– ချန်ပီယံလိဂ်တွင် ပြိုင်ဘက်ကောင်းဖြစ်သော ဘိုင်ယန်မြူးနစ်အသင်းအား အနိုင်ရရှိခြင်းက မိမိတို့အသင်း၏ အင်အားကို ပိုမိုတောင့်တင်းစေခဲ့သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် ၂ ခုစလုံးကို ရှုံးနိမ့်ထားခဲ့သည့် အာဆင်နယ်မှာ ယနေ့မနက်က အီမရိတ်၌ ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် ဂျရူးနှင့် အိုဇေးလ်တို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုံး ၃ မှတ်ရရှိကာ နောက်တစ်ဆင့်တက်ရေးအတွက် မျှော်လင့်ချက် ရှင်သန်လာခဲ့ပြီဖြစ်သည်။
“နောက်ဆုံးမှာတော့ ကျွန်တော်တို့ဟာ အင်မတန်တောင့်တင်းတဲ့အသင်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ Clean Sheet ကိုလည်း ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အသင်းဟာ အာရုံစူးစိုက်မှုရှိပြီး သွက်သွက်လက်လက်လည်း ရှိခဲ့ပါတယ်။ ဒီညမှာတော့ ကျွန်တော်တို့ လိုအပ်နေတာကို ရယူနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့ရဲ့ ယုံကြည်ချက်နဲ့ အသင်းသားတွေရဲ့ စိတ်ဓာတ်ကိုလည်း ပိုမိုခိုင်မာစေခဲ့ပါတယ်။ တိုက်စစ်နဲ့ ခံစစ်မှာ မျှမျှတတဖြစ်ခဲ့တာလည်း ကျွန်တော်တို့အတွက် အရေးပါ ပါတယ်” ဟု ၀င်းဂါးက ပွဲအပြီးတွင်
ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.