အောက်တိုဘာ ၃၁၊ ၂၀၁၅
M-Media
– သက်ကြီးကစားသမား များပြားသည့်အတွက် ဝေဖန်မှုများ ရှိနေသော်လည်း အသင်းရှိ စီနီယာကစားသမားများကို မန်စီးတီးကွင်းလယ်လူ ယာယာတိုးယေးက ချီးကျူးခဲ့ပြီး မိမိတို့အသင်းတွင် ခေါင်းဆောင်နိုင်သူများစွာ ရှိနေသည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရာသီက ချန်ပီယံချယ်ဆီးနောက် ဒုတိယနေရာဖြင့် ရာသီသိမ်းခဲ့ရသည့် မန်စီးတီးရှိ သက်ကြီးကစားသမားများမှာ စွမ်းဆောင်ရည် ကျဆင်းမှုများရှိနေပြီး ထို့ကြောင့်ပင် ဒုတိယရာသီဝက်တွင် ခြေစွမ်းမပြနိုင်ခြင်းဖြစ်သည်ဟု ဝေဖန်ရေးသားမှုများ ရှိခဲ့သည်။
“(စီနီယာ ကစားသမားတွေဟာ) အသင်းအတွက် သိပ်ကို အားဖြစ်စေပါတယ်။ ကျွန်တော်တို့ဟာ အချိန်အတိုင်းအတာတစ်ခုအထိ အတူတကွ ကစားခဲ့ကြတယ်။ တစ်ယောက်အထာကို တစ်ယောက် ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့ တူညီတဲ့ပုံစံနဲ့ အလုပ်လုပ်ကြပြီး ဒါက သိပ်ကို အရေးကြီးပါတယ်” ဟု ယာယာတိုးယေးက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.