News @ M-Media

ဂျူးဘုရားကျောင်းနှင့် လူမည်းခရစ်ယာန်ဘုရားကျောင်းများကို ဗုံးခွဲကာ သတ်ဖြတ်ရန် ကြံစည်သူ လူဖြူအစွန်းရောက်များကို အမေရိကန်ဖမ်းဆီး

နိုဝင်ဘာ ၁၂၊ ၂၀၁၅
M-Media

us

– လူမျိုးရေးနှင့် အမုန်းတရားစစ်ပွဲစတင်ရန် အစိတ်အပိုင်းဖြစ် လူမည်းဘုရားကျောင်းများနှင့် ဂျူးဘုရားကျောင်းများအား ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်နေသည်ဟူသော စွဲချက်ဖြင့် ဗာဂျီးနီးယားရှိ လူဖြူအစွန်းရောက် နှစ်ဦးအား ဖမ်းဆီးလိုက်သည်ဟု အမေရိကန် ဖဒရယ်အာဏာပိုင်များက ပြောကြားလိုက်သည်။

ရောဘတ် ကာတစ် ဒွိုင်လီနှင့် ရော်နယ်လ် ဘီစတေ ချာနေး ၃ ဆို သူတို့ဖြစ်ပြီး ဗာဂျီးနီးယားရှိ အမျိုးသားများမှာ တရားမ၀င် လက်နက်ရောင်းချသူထံမှ လက်နက်များနှင့် ပေါက်ကွဲစေတက်သော ပစ္စည်းများကို ၀ယ်သွားသည်ဟူသော စက်တင်ဘာလတွင် ရရှိသည့် သတင်းအရ FBI က ဆောင်ရွက်သည့် တနင်္ဂနွေနေ့ စစ်ဆင်ရေးတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ၎င်းတို့၏ အမုန်းစစ်ပွဲအတွက် လတ်ဝတ်ရတနာ အရောင်းဆိုင်နှင့် လက်နက်အရောင်းဆိုင်တို့ကဲ့သို့ စီးပွားရေးလုပ်ငန်းများကို ဓားပြတိုက်ရန် အစီအစဉ်ရှိထားသည်ဟု ဥပဒေထိန်းသိန်းရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် လက်နက်များကို စုဆောင်းခြင်းနှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုများ ဆောင်ရွက်ရန်လည်း ရှိနေပြီး လူမည်းဘုရားကျောင်းများနှင့် ဂျူးဘုရားကျောင်းများကို ဖောက်ခွဲခြင်း၊ ဘုရားကျောင်းသို့ လာရောက်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကို စီစဉ်နေခြင်း ဖြစ်သည်။

ထို့ပြင် ချားလ်စ် ဒန်နီယဲလ် ဟဲလ်ဒါမန်ကိုလည်း အစွန်းရောက်ယုံကြည်ချက်များအတွက် ငွေဆိုင်တစ်ခုကို ဓားမြတိုက်ကာ ပိုင်ရှင်ကိုသတ်ဖြတ်ရန် အစီအစဉ်တွင် ဒွိုင်လီနှင့် ချာနေးတို့အား ကူညီရန် စွပ်စွဲချက်ဖြင့် ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့သည်။ ၎င်းတို့အား ဖမ်းဆီးရာတွင် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

Ref: CNN

Comments

Leave a Reply