နိုဝင်ဘာ ၂၆၊ ၂၀၁၅
M-Media
– ကနေဒါနိုင်ငံမှ မင်းသမီးတစ်ဦးမှာ သိုးမွှေးခေါင်းဆောင်ကို ၀တ်၍ လမ်းလျှောက်လာစဉ် အမျိုးသားတစ်ဦးက ဟီဂျဘ်နှင့်မှား၍ ထိုအမျိုးသမီးအား တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အသက် ၂၄ နှစ် အရွယ်ရှိသော မင်းသမီး ကေလာဂါဘာဖြစ်ပြီး တနင်္လာနေ့တွင် တိုရွန်တိုမြို့ရှိ Bloor and Bathurst လမ်းအနီး အစမ်းလေ့ကျင့်မှုများအပြီး ထွက်လာခဲ့သည့်အချိန်တွင် သူမလမ်းလျှောက်ရာအနားသို့ လူတစ်ယောက်ကပ်လာကာ ထိုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး
“ကျွန်မကို လမ်းဘေးနံရံမှာ ချုပ်ထားပြီး ဟီဂျာဗ်ကိုချွတ်ကာ ဒီတိုင်းပြည်ကထွက်သွားစမ်းလို့ အဆက်မပြတ် ပြောဆိုခဲ့ပါတယ်။ ကျွန်မ ဟီဂျဘ်ဝတ်ထားတာ မဟုတ်ဘူးလို့ ပြောခဲ့တာကို ကျွန်မ မှတ်မိပါတယ်။ သူကတော့ ကျွန်မကိုယ်ကို လှုပ်ရမ်းပြီး ဒီတိုင်းပြည်ကထွက်သွားလို့ပဲ အော်နေတယ်။ ကျမ မွတ်စလင် မဟုတ်ဘူးလို့လည်း ကျမပြောခဲ့ပါတယ်။ သူ့လည်း ကိုယ်မသိ၊ ကိုယ့်လည်း သူမသိတဲ့ အချင်းချင်း ဘာလို့ ဒီလောက် အမုန်းပွားနေရလဲဆိုတာ ကျမဖြင့် နားမလည်နိုင်အောင်ပါပဲ” ဟု ဂါဘာက ပြောကြားခဲ့သည်။
ဂါဘာသည် ထိုဖြစ်ရပ်အား Facebook စာမျက်နှာပေါ် လွှင့်တင်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်းက သူမအားထောက်ခံသည့် မှတ်ချက်များနှင့် ပြည့်နှက်သွားလေသည်။
“အဆိုးမြင်မှုတွေကနေထွက်ပြီး အကောင်းကို မြင်တတ်တာဟာ အင်မတန်လှပ ပါတယ်’ လို့လည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။
ဤဖြစ်ရပ်သည် ပဲရစ်မြို့တွင် ကြောက်မက်ဖွယ်တိုက်ခိုက်မှုများအပြီး တိုရွန်တိုနယ်မြေအတွင်း ဖြစ်ပေါ်ခဲ့သည့် နှောက်ယှက်မှုကွင်းဆက်များထဲမှ နောက်ဆုံးတစ်ခုဖြစ်သည်။
Ref: IINA News


Leave a Reply
You must be logged in to post a comment.