News @ M-Media

စပါးတွင်ပြသသည့် ခြေစွမ်းမျိုး မရဟု ရီးယဲလ်တိုက်စစ်မှူး ဘေးလ် ၀န်ခံ

ဒီဇင်ဘာ ၆၊ ၂၀၁၅
M-Media

bale

– စပါးအသင်း၌ နောက်ဆုံးနှစ်တွင် ရရှိခဲ့သည့် စွမ်းဆောင်ရည်မျိုး ယခုအချိန်တွင် မရရှိတော့ဟု ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ၀န်ခံပြောကြားခဲ့သည်။

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်း ၈၅ သန်းဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာတွင် ပြောင်းရွှေ့ခဲ့သည့် ဘေးလ်မှာ ရီးယဲလ်အသင်းအတွက် ၁၀၃ ပွဲ ကစားခဲ့ပြီး ၄၃ ဂိုး သွင်းယူထားပေးထားသည်။ ယခုရာသီတွင်မူ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အသင်းအတွက် ၁၁ ပွဲသာ ကစားပေးထားနိုင်သည်။ ယမန်နေ့က ဂီတာဖေးအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ဘေးလ်မှာ အသင်းအတွက် တတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။

“အခုအချိန်အထိ ကျွန်တော် ပျော်ရွှင်နေပါတယ်။ ကျွန်တော် ဒဏ်ရာနည်းနည်း ရခဲ့တယ်။ ဒါပေမယ့် အခုတော့ အကောင်းဆုံးနဲ့ ပြန်လာခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကောင်းမွန်တယ်လို့လည်း ကျွန်တော် ခံစားရပါတယ်။ စပါးမှာလို ကစားပုံမျိုး ဘာ့ကြောင့်မရလဲဆိုတာ ကျွန်တော် မသိပါဘူး။ (လာလီဂါဟာ) ပရီးမီးယားလိဂ်နဲ့မတူတဲ့ လိဂ်တစ်ခုပါ။ သီးခြားဘောလုံးစတိုင်တစ်ခု ရှိပြီး ဒီအကြောင်းကြောင့်ပဲ ခြားနားတာ နေပါလိမ့်မယ်” ဟု ဘေးလ်က ပြောကြားခဲ့သည်။

ရော်နယ်ဒို၏ ဆက်ဆံရေးနှင့်ပတ်သက်၍ ဘေးလ်က “သိပ်ကောင်းပါတယ်။ ထွက်နေတဲ့သတင်းတွေက အမှန်မဟုတ်ပါဘူး။ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူက အကောင်းဆုံးလားဆိုတာကတော့ ခင်ဗျားတို့ရဲ့ သဘောထားပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမယ့် သူက တကယ့်ကို ကြီးကျယ်တဲ့ ကစားသမားတစ်ဦးပါပဲ”

Ref: Goal

Comments

Leave a Reply