ဒီဇင်ဘာ ၂၂၊ ၂၀၁၅
M-Media
– ဖာဂူဆန်လက်ထက်က အသင်း၏ အခြေအနေများနှင့် လက်ရှိ အသင်းအခြေအနေအား နှိုင်းယှဉ်မှုမပြုရန် မန်ယူနောက်ခံလူဟောင်း ဖီးလ်နဗီးလ်က ပြောဆိုလိုက်ပြီး နည်းပြ လူးဝစ်ဗန်ဂါးလ်အား ထောက်ခံအားပေးရန် တိုက်တွန်းပြောကြားခဲ့သည်။
ခြေစွမ်းပြနိုင်ခြင်းမရှိသည့်မန်ယူမှာ နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲရရှိခြင်းမရှိဘဲ၊ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားသည်။ ထို့ကြောင့် နည်းပြဗန်ဂါးလ်မှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး ထုတ်ပယ်ခံရမည့်သတင်းများလည်း ထွက်ပေါ်နေသည်။ အကယ်၍ မန်ယူနည်းပြ အပြောင်းအလဲဖြစ်ပါက ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် နည်းပြ မော်ရင်ဟိုက မန်ယူနည်းပြဖြစ်ရန် ရေပန်းစားနေသည်။
“အခုက ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မဟုတ်တော့ဘူးဗျ။ အဲဒီအချိန်တွေက ပြီးပြီ။ လက်တွေ့အခြေအနေကို ဆန်းစစ်ဖို့လိုပါတယ်။ အခုဟာက ဗန်ဂါးလ်ခေတ်ပါ။ ချင်းခြင်းပြောင်းလဲတာဟာ အဖြေမဟုတ်ပါဘူး” ဟု နဗီးလ်က BBC သို့ ပြောကြားခဲ့သည်။
မန်ယူအသင်း ခြေစွမ်းမပြနိုင်မှုနှင့် ပတ်သက်၍လည်း ၎င်းက “ကျွန်တော်မန်ယူကစားသမားအဖြစ် ၉ နှစ်ကစားခဲ့တယ်။ သီတင်းပတ်တိုင်းက အမြဲတမ်းမကောင်းပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.