ဇန်န၀ါရီ ၃၊ ၂၀၁၅
M-Media
– အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂိုမြို့က ဇနီးမောင်နှံနှစ်ဦးဟာ ၂၀၁၅ ခုနှစ်ရဲ့ အဆုံးမှာ မွေးသက္ကရာဇ်မတူတဲ့ အမြွှာရင်သွေးလေးနှစ်ယောက်ကို ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ်။
မာရီဘဲလ် ဗလင်စီယာလို့အမည်ရတဲ့ အမျိုးသမီးဟာ ဒီဇင်ဘာ ၃၁ ရက် ကြာသာပတေးနေ့မှာ သူတို့ရဲ့ ရင်သွေးလေးတွေကို ဒေသတွင်းဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
အကြီးမလေးဖြစ်တဲ့ ဂျေလင်ကို ၂၀၁၅ ခုနှစ်ရဲ့ နောက်ဆုံးစက္ကန့်မှာ မွေးဖွားခဲ့ပြီး၊ သူ့ရဲ့မောင်လေး လူးဝစ်ကိုတော့ ၂၀၁၆ ခုနှစ်ကိုဝင်ရောက်ပြီး ၂ မိနစ်မှာ အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ နာရီကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့တာပါ။ ကျွန်တော်တို့ဟာ နှစ်သစ်ကူးချိန် မွေးဖွားခဲ့တဲ့ သူတွေထဲမှာပါဝင်မလားဆိုတာကို သိချင်မိခဲ့ပါတယ်” လို့ ဖခင်ဖြစ်သူ လူးဝစ်က ကျေနပ်နှစ်သက်စွာနဲ့ ပြောကြားခဲ့ပါ
တယ်။
အဲဒီကလေးငယ်နှစ်ဦးရဲ့ မွေးဖွားမယ့်ခန့်မှန်းရက်ဟာ ဇန်န၀ါရီလကုန်မှ ဖြစ်ပေမယ့် စောစောစီးစီးနဲ့ ထူးထူးခြားခြားမွေးခဲ့တာဖြစ်ပြီး မိခင်ရော ကလေးတွေပါ ကျန်းမာတယ်လို့ သိရပါတယ်။
Ref: AFP


Leave a Reply
You must be logged in to post a comment.