News @ M-Media

ဒုက္ခသည်များ နေရာချထားမှုအတွက် အလာဘားမားပြည်နယ်က ကန်အစိုးရကို တရားစွဲ

ဇန်န၀ါရီ ၉၊ ၂၀၁၆
M-Media

us

– ဆီးရီးယားနှင့် အခြားနိုင်ငံများမှ ဒုက္ခသည်များ ပြည်ထောင်စုအတွင်း အခြေချနေထိုင်မှုအပေါ် သတင်းအချက်အလက်များ ပေးရန် တောင်းဆိုခဲ့မှုကိစ္စအတွက် အမေရိကန်ပြည်နယ်တစ်ခုဖြစ်သည့် အလာဘားမားပြည်နယ် အာဏာပိုင်များက ဖယ်ဒရယ်အစိုးရအား တရားစွဲဆိုလိုက်သည်။

ဘာမင်ဂမ်ရှိ ခရိုင်တရားရုံးတွင် စွဲဆိုခဲ့သောအမှု၌ အခြေချနေထိုင်မည့် ဒုက္ခသည်များနှင့်ပက်သက်၍ တရားဝင် ဆွေးနွေးပြောဆိုရန် ပျက်ကွက်ခဲ့သောကြောင့် ၁၉၈၀ ဒုက္ခသည်များဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အိုဘားမား၏ အစိုးရအဖွဲ့ကို စွပ်စွဲပြောဆိုထားသည်။

အလာဘားမားမှ ရီပတ်ဘလီကန် အုပ်ချုပ်ရေးမှူး ရောဘတ် ဘန်တလေမှာ အမေရိကန်ရှိ ဆီးရီးယားဒုက္ခသည်များကို တားမြစ်ပိတ်ဆို့ချင်နေသည့် မြို့တော်ဝန် နှစ်ဒါဇင်ကျော်ထဲမှ တစ်ယောက်အပါအ၀င်ဖြစ်သည်။

“ဒုက္ခသည်လက်ခံရေးအစီအစဉ်ကို ဆုံးဖြတ်ခဲ့ကြတဲ့ အိုဘားမားအစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရရဲ့ ပြုမှုဆောင်ရွက်ချက်တွေဟာ ပြည်နယ်တွေကို ပေါ်တင်ကြီး ဖယ်ထုတ်ထားတာပါပဲ” ဟု ၎င်းက ပြောခဲ့သည်။

ဘန်တလေက အလာဘားမားပြည်နယ်မှာ ဒုက္ခသည်များအား နေရာချထားရေးအစီအစဉ်နှင့်ပက်သက်၍ သတင်းအချက်အလက်တောင်းခံစာ သုံးစောင် ပေးပို့ခဲ့သော်လည်း အိုဘားမားအစိုးရအနေဖြင့် မည်သည့် တုန့်ပြန်မှုမှ မပြုလုပ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ရီပက်ဘလီကန်အမတ်တစ်ဦး ဦးဆောင်သည့် တက္ကဆက်ပြည်နယ်ကလည်း ဆီးရီးယားဒုက္ခသည် ၉ ဦး ၀င်ရောက်လာမှုကို ချက်ခြင်းရပ်တန့်ပေးရန် အမှုဖွင့်တောင်းဆိုခဲ့သည်။ အမေရိကန်တရားရေးဌာနက အလာဘားမားပြည်နယ်အမှုကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

Ref: PressTV

Comments

Leave a Reply