ဇန်နဝါရီ ၉ ၊ ၂၀၁၅
M-Media
သူရိန်
ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့ှ်မြို့နယ် အတွင်းရှိ အဆင်မြှင့်မင်္ဂလာဈေးဟာ ယနေ့ မနက် ၁နာရီခွဲခန့်မှာ ပြင်းထန်တဲ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
မင်္ဂလာဈေးရဲ့ စတုတ္ထထပ်မှ စတင်လောင်ကျွမ်းခဲ့တယ်လို ပဏမ အနေသိရှိရပြီး မီးလောင်မှုပမာဏမှာ များပြားခဲ့ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ယခု မီးလောင်မှုဖြစ်စဉ်ကို အမြင်ဆုံး အဆင့် Level 5 အဆင့်သတ် မှတ်ခဲ့ပါတယ်။
မီးလောင်သည့် အထပ်မှာ ဆေးပစ္စည်းနှင့် အလှကုန် အရောင်းဆိုင်များရှိပြီး အပေါ်ဆုံးထပ်တွင် Style 1 စားသောက်ဆိုင်ခန်းရှိကြောင်း သိရှိရပါတယ်။
မီးကို မနက် ၅နာရီမှသာ စတင်ထိန်းနိုင်ခဲ့ပြီး မီးသတ် ယာဉ် (၁၃၄) စီးနဲ့ ငြိမ်းသတ်ခဲ့တယ်လို့ သိရှိရပါတယ်။
မီးလောင်မှုကြောင့် အရပ်သားတစ်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့မှ မီးလောင်မှုဖြစ်ပွားရခြင်းကို စုံစမ်းနေဆဲဖြစ်ပါတယ်။
မြေညီထပ်နှင့် ပထမထပ် ၊ ဒုတိယထပ်များရှိ ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် မိမိတို့ဆိုင်ရှိပစ္စည်းများကို မီးသတ်လုပ်ငန်းစဉ်ပြီးစီးပါက ထုတ်ယူခွင့်ပေးမည်ဖြစ်ကြောင်း နှင့် မီးလောင် ဆိုင်ခန်းများကို ရွှေမင်္ဂလာဈေး ကားပါကင်အတွင်း ယာယီနေရာချထားရန် လျာထားကြောင်း နေ့လည် ၁နာရီ ၁၅မိနစ်တွင် ဈေးတာဝန်ခံ တစ်ဦးက ဆိုင်ခန်းပိုင်ရှင်များကို ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
၂၀၁၀ခုနှစ် မေလ ၂၄ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် စံချိန်တင် အချိန်အကြာဆုံး မီးလောင်မှု ဖြစ်ပွားခဲ့သည့် မင်္ဂလာဈေးမှာ ယခု ဒုတိယအကြိမ် ထပ်မံ၍ ပြင်းထန်တဲ့ မီးလောင်မှု ဖြစ်ပါတယ်။
Leave a Reply
You must be logged in to post a comment.