ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆
M-Media
– ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ် ရှုံးထွက် ပထမကျော့တွင် အဝေးဂိုး ၁ ဂိုး ရရှိခြင်းက မိမိတို့အတွက် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ကို ဖြစ်စေခဲ့ပြီး ဒုတိယအကျော့ကို ပိုမိုအာရုံစိုက်သွားမည်ဟု ချယ်ဆီးနည်းပြ ဂူစ်ဟစ်ဒင့်က ပြောကြားလိုက်သည်။
ပဲရစ်တွင် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ဇလာတန် အီဗရာဟီမိုဗစ်၏ဂိုးဖြင့် ပီအက်စ်ဂျီအသင်းက ဦးဆောင်ခဲ့ပြီး မီခေးလ်က ပြန်လည် ချေပနိုင်ခဲ့သည်။ သို့သော်လည်း ကာဗာနီက နောက်ကျဂိုးဖြင့် အိမ်ရှင်အား နောက်တစ်ဆင့်တက်ရေး အားကောင်းစေခဲ့သည်။
“ဟုတ်ပါတယ်။ တကယ်တော့ ရလဒ်က အပြုသဘောမဆောင်တာ မှန်ပါတယ်။ ဒါပေမယ့် နောက်တစ်ဖက်မှာတော့ အဝေးဂိုး ၁ ဂိုး ရခဲ့တာကတော့ အရေးပါခဲ့ပါတယ်။ အဆုံးသတ်မှာ နည်းနည်းနာကျင်ပေမယ့် အသင်းက ပြေးလမ်းမှာ ဆက်ရှိနေပါသေးတယ်။ တန်ပြန်တိုက်စစ် ၄ လုံး ၅ လုံးလောက်မှာ နောက်ဆုံးကန်ချက်က အဆုံးအဖြတ် ဖြစ်မလာခဲ့ပါဘူး။ ဒါပေမယ့် စွမ်းဆောင်ရည် နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကျေနပ်ပါတယ်။ စတမ်းဖို့ဘရစ်ခ်ျမှာ ကျွန်တော့် ဒီလို ထပ်လုပ်နိုင်ပြီး ပဲရစ်ကို အနိုင်ရမယ်ဆိုရင်လည်း သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.