ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
M-Media
– ဟဂ်ျ ရာသီအတွင်း မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်မှာ လူစုပြုံတိုးဝှေ့မှုတွေ ဖြစ်တာကို တားဆီးဖို့နဲ့ လုံခြုံရေးအစီအစဉ်တွေကို စီမံခန့်ခွဲဖို့အတွက် အီလက်ထရောနစ် နည်းပညာသစ် တစ်ခု အဆင်သင့်ရှိနေပြီလို့ ဆော်ဒီ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။
အဲဒီစနစ်ကို Rased လို့ အမည်ပေးထားပြီး အစိုးရနဲ့ Umm Al-Qura တက္ကသိုလ်တို့ ပူးပေါင်းတီထွင်ခဲ့တာဖြစ်တယ်လို့ ဟဂ်ျနဲ့အွမ္မရာ လုံခြုံရေး စီမံကိန်းအရာရှိ ဘဒရ် ဘင် ဆအွဒ် အလ်-ဆအွဒ်က ဆိုပါတယ်။ အဲဒီနည်းပညာဟာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် ပရ၀ုဏ်အတွင်းမှာ လူကြပ်ညပ်သိပ်သည်းမှုကို ဖြေရှင်းဖို့အတွက် လက်ရှိစီမံခန့်ခွဲမှုတွေပြုလုပ်နေတဲ့ ဟဂ်ျနဲ့ အွမ္မရာဟ်လုံခြုံရေးအထူး တပ်ဖွဲ့တွေရဲ့ အဖြေရှာဖွေမှု အစိတ်အပိုင်းနဲ့ အီလက်ထရောနစ်လုံခြုံရေးဆိုင်ရာ အကြံပြုချက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
အခု နည်းပညာသစ်မှာ ကင်မရာအလုံး ၅၀ ကို အသုံးပြုပြီး လူကြပ်တဲ့နေရာတွေကို ဖော်ပြပေးမယ့် နည်းပညာတစ်ခု ပါဝင်မှာဖြစ်ပြီး ဟဂ်ျနဲ့အွမ္မရာဟ် လုံခြုံရေးဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်မှူး ဆအွဒ် အလ်-ခါလ်ယာဝီရဲ့ ကြီးကြပ်မှုအောက်မှာ အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ၎င်းနဲ့အတူ လက်တွဲလုပ်မှာကတော့ ဟဂ်ျနဲ့အွမ္မရာဟ်အထူးတပ်ဖွဲ့များရဲ့ ဗိုလ်ချုပ် မိုဟာမက် အလ်-ရှရီးဖ် ဖြစ်တယ်လို့ ဆိုပါတယ်။
Umm Al-Qura တက္ကသိုလ်ရဲ့ သုတေသနအဖွဲ့ခေါင်းဆောင် အနတ်စ် ဘတ်ဆလာမာက အဲဒီ Rased စနစ်ဟာ မတ်စ်ဂျစ်ဟရမ် ဗလီဝတ်ကျောင်းတော်က လှုပ်ရှားမှုတိုင်းကို အချိန်နဲ့တစ်ပြေးညီ လွှင့်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Arab News
Leave a Reply
You must be logged in to post a comment.