ဧပြီ ၉၊ ၂၀၁၆
M-Media
– ဒုံးကျည်တပ်ပြီး အမေရိကန်အထိရောက်ရှိအောင် ပစ်လွှတ်နိုင်တဲ့ အင်ဂျင်တစ်လုံးကို သူတို့ကိုယ်တိုင် ထုတ်လုပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ဒီနေ့မနက်ပိုင်းမှာ ကြေငြာလိုက်ပါတယ်။
အစိုးရပိုင် KCNA သတင်းဌာနကနေ ဖော်ပြခဲ့တဲ့ ဒီကိစ္စကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ စောင့်ကြည့်သူတွေက မြောက်ကိုရီးယားရဲ့ စစ်ရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်မှုတွေဟာ အမေရိကန်ကို ရည်ရွယ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့လာရတယ်လို့ ပြောကြားခဲ့ပါတယ်။
ယခင်ကလည်း မြောက်ကိုရီးယားမှာ အမေရိကန်ထိ ရောက်ရှိနိုင်မယ့် ဒုံးကျည်တွေ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ ဇန်နဝါရီက သူတို့ရဲ့ ၅ ကြိမ်မြောက် နျူဒုံးကျည် စမ်းသပ်မှုပြီးတဲ့နောက်ပိုင်းမှာ မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို ခြိမ်းခြောက်မှုတွေ တောက်လျှောက် ပြုလုပ်လာခဲ့ပါတယ်။
Ref : Washintong Post


Leave a Reply
You must be logged in to post a comment.