ဧပြီ ၁၉၊ ၂၀၁၆
M-Media
– လူငယ်တွေအနေနဲ့ လူ့အဖွဲ့အစည်းကို အလုပ်အကျွေးပြုဖို့အတွက် အားထုတ်ကြိုးပမ်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ နိုင်ငံတကာ အစ္စလာမ့်မစ် ကူညီကယ်ဆယ်ရေးအဖွဲ့ချုပ် (IIRO) ရဲ့ အတွင်းရေးမှူးချုပ် အဟ်ဆန် ဘင် ဆွာလေ တွိုင်ယစ်ဘ်က ပြောကြားခဲ့ပြီး လူသားချင်းစာနာမှုလုပ်ငန်းတွေမှာ ကန့်သတ်ထားမှုတွေ မရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်အတွင်း မက္ကာမြို့ ကုန်သည်ကြီးများအသင်းက ပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုမှာ တွိုင်ယစ်ဘ်က ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ၎င်းရဲ့အတွေ့အကြုံနဲ့ လူငယ်စွန့်ဦးတီထွင်သူတွေ၊ စီးပွားရေးသမားတွေ၊ အလှူအတန်းရက်ရောလှတဲ့ သူဌေးကြီးတွေနဲ့ ထင်ရှားတဲ့ အမျိုးသမီးတွေအကြောင်းလည်း သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
နောက်ပြီး မိမိအနေနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေဆိုတာ ကန့်သတ်ချက်မရှိဘဲ လူတိုင်းပါဝင်ဆောင်ရွက်သင့်တယ်လို့ ယုံကြည်ထားကြောင်း၊ လူမှုရေးလုပ်ငန်းတွေကို အစိုးရရဲ့ ကြိုးနစ်စနစ်တွေကလည်း လွှမ်းမိုးနိုင်စရာမရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
“အနည်းငယ်သော အကူအညီတွေဟာ လူ့အဖွဲ့အစည်းမှာ ကောင်းမွန်တဲ့ တိုးတက်ပြောင်းလဲမှု ဖော်ဆောင်နိုင်ဖို့ ကူညီပေးပါတယ်” လို့ တွိုင်ယစ်က ပြောကြားခဲ့ပါတယ်။
နောက်ပြီး လူငယ်တွေအနေနဲ့ ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ကြဖို့လည်း သူက ထည့်သွင်းတိုက်တွန်းခဲ့ပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.