ဧပြီ ၁၉၊ ၂၀၁၆
M-Media
– အာရပ်စော်ဘွားများရဲမေအသင်း (EWPA) ကနေ “ရဲမေများ.. ရေရှည်တည်တံ့ ဖွံ့ဖြိုးမှု၏ ခေါင်းဆောင်များ” ဆိုတဲ့ ခေါင်းစည်းနဲ့ တတိယမြောက် ဒေသတွင်း ရဲမေများဆိုင်ရာ ညီလာခံတစ်ခုကို မနေ့က စတင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
သုံးရက်တာ ကြာမြင့်မယ့် အဲဒီညီလာခံမှာ နိုင်ငံတကာက ရဲမေကိုယ်စားလှယ်အဖွဲ့များ၊ ကမ္ဘာတစ်ဝှမ်း ဒေသ ၂၆ ခုက ကိုယ်စားလှယ်များ၊ နိုင်ငံတကာရဲမေများအသင်း (IAWP) ရဲ့ ဒါရိုက်တာအဖွဲ့ဝင်များ၊ အမျိုးသမီးရဲအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ကြမှာဖြစ်ပါတယ်။
ညီလာခံမှာ ဖန်တီးနိုင်စွမ်း၊ တီထွင်ဆန်းသစ်မှု၊ အတွေးအခေါ် အစွန်းရောက်မှုတိုက်ဖျက်ရေး၊ အီလက်ထရောနစ်ရာဇ၀တ်မှုများ၊ အဖွဲ့အစည်းများအကြား အကျင့်ပျက်ခြစားမှု၊ ရဲမေများ အရည်အသွေးထက်မြက်စေမည့် နည်းလမ်းများ၊ မူးယစ်တိုက်ဖျက်မှုများ စတဲ့အကြောင်းအရာတွေ အများအပြားကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ရဲမေတွေရဲ့ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်မှုတွေ၊ ထူးခြားတဲ့လုပ်ရပ်တွေနဲ့ အောင်မြင်မှုတွေကိုလည်း ဒီညီလာခံမှာ ဖော်ထုတ်ပြသသွားမှာ ဖြစ်ပါတယ်။
အဲဒီ အခမ်းအနားကို အာရပ်စော်ဘွားများနိုင်ငံ (UAE) ရဲ့ ဒုတိယ၀န်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်သူ ရှိခ် ဆအစ်ဖ် ဘင် ဇေယဒ် အလ်-နဟ်ယန်ရဲ့ ဦးစီးမှုနဲ့ ကျင်းပတာဖြစ်ပါတယ်။
AG/IINA
Leave a Reply
You must be logged in to post a comment.