News @ M-Media

ပဋိပက္ခများတွင် အရပ်သားများအပေါ် အကြမ်းဖက်မှုများအား စုံစမ်းရန် မလေးရှားတောင်းဆို

မေ ၅၊ ၂၀၁၆
M-Media

malaysia

– နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုအားလုံး အထူးသဖြင့် လက်နက်ကိုင်တိုက်ပွဲတွေမှာ အရပ်သားတွေနဲ့ အရပ်ဘက်ပစ္စည်းတွေကို ကာကွယ်ပေးရမယ့်အပေါ် ချိုးဖောက်မှုအားလုံးကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ပေးဖို့ မလေးရှားက တောင်းဆိုလိုက်ပါတယ်။

မလေးရှားရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဆီတီ ဟဂ်ျဂျာ အဒ်နင်က အဖွဲ့ဝင်နိုင်ငံတွေမှာ စစ်ရာဇ၀တ်မှုနဲ့ အခြားသော နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ ချိုးဖောက်မှုတွေကို သူတို့ပေးထားတဲ့ ကတိက၀တ်တွေအတိုင်း တာဝန်ခံနိုင်စေဖို့ သက်ဆိုင်ရာ နိုင်ငံတကာ တရားရုံးတွေနဲ့ခုံးရုံးတွေကို ပူးပေါင်းဆောင်ရွက်ရေး တာဝန်ရှိတယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“လက်နက်ကိုင်ပဋိပက္ခတွေအတွင်းမှာ ပြည်သူတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ထိခိုက်ပျက်စီးစေတဲ့အပေါ် တာဝန်ခံမှုရှိစေဖို့ မလေးရှားက လုံးဝတောင်းဆိုလိုက်ပါတယ်” လို့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး မူကြမ်းရေးဆွဲရေးအတွက် အင်္ဂါနေ့မှာပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အဒ်နင်က ပြောခဲ့တာပါ။

လုံခြုံရေးကောင်စီကနေ စစ်မြေပြင်တွေမှာ ဆေးရုံဆေးခန်းတွေ၊ ဖျားနာသူတွေနဲ့ ဒဏ်ရာရသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက် အကာအကွယ်ပေးမယ့် ဆုံးဖြတ်ချက်တစ်ရပ်ကို အင်္ဂါနေ့က တစ်ညီတစ်ညွှတ်တည်း ချမှတ်နိုင်ခဲ့ပါတယ်။

Ref: IINA

Comments

Leave a Reply