မေ ၂၂၊ ၂၀၁၆
M-Media
– နိုင်ငံတောင်ပိုင်းသို့ ဦးတည်၍ ယမန်နေ့က စတင်ဝင်ရောက်သော ဆိုက်ကလုန်းမုန်တိုင်း ရိုအာနူကြောင့် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး လူသန်းဝက်ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ယနေ့တွင် ပြောကြားလိုက်သည်။
မုန်တိုင်းကြောင့် နိုင်ငံတောင်ပိုင်းတွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဆင်းရဲသော ထိုဒေသရှိ ရွံ့ဖြင့် ဆောက်ထားသော နေအိမ် ထောင်ပေါင်းများစွာလည်း ပြိုကျပျက်ဆီးခဲ့သည်။ မုန်တိုင်းကြောင့် လေတိုက်နှုန်းမှာ တစ်နာရီ ၈၈ ကီလိုမီတာရှိပြီး အချို့ဒေသများတွင် မုန်တိုင်းကြောင့်တက်သည့် ဒီရေမှာ ၇ ပေအထိ ရှိနေသည်။
အာဏာပိုင်များမှာ မုန်တိုင်းဒဏ်သင့်ရာ ဒေသများသို့ သွားရောက်နိုင်ခြင်းမရှိသေးဘဲ ကုန်းမြင့်ဒေသများတွင် မြေပြိုမှုအန္တရာယ် ရှိနေသောကြာင့် ပြည်သူများကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနေသည်ဟု ဆိုသည်။ မုန်တိုင်းကြောင့် ပျက်ဆုံးရှုံးမှုနှင့် သေဆုံးမှု အရေအတွက်မှာ မြင့်တက်လာဖွယ်ရှိသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.