ဇူလိုင် ၁၊ ၂၀၁၆
M-Media
– ပိုလန်အသင်းအား အနိုင်ရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်သွားခဲ့သည့် ယနေ့မနက်ပွဲတွင် တိုက်စစ်မှူး ရော်နယ်ဒို၏ အားထုတ်မှုအတွက် ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်က ချီးကျူးပြောဆိုလိုက်သည်။
ကွာတားဖိုင်နယ်ဖြစ်သော ထိုပွဲတွင် ပွဲအစမှာပင် ပိုလန်တိုက်စစ်မှူး ရောဘတ်တို လီဝန်ဒေါ့စကီးက အဖွင့်ဂိုး သွင်းယူခဲ့သော်လည်း ရီနာတို ဆန်းချက်က ပထမပိုင်းမပြီးခင် ချေပဂိုးပြန်သွင်းနိုင်ခဲ့သည်။ သို့သော် နောက်ပိုင်းပွဲချိန်များတွင် မည်သူမှ ဂိုးထက်မသွင်းနိုင်တော့ဘဲ ပင်နယ်တီတွင် ပေါ်တူဂီက ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရော်နယ်ဒိုမှာ ထိုပွဲတွင် အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခြင်း မရှိသော်လည်း ဆန်းတို့စ်ကမူ ၎င်းအား ချီးကျူးခဲ့သည်။
“ကျွန်တော်ဟာ တစ်ဦးတစ်ယောက်ချင်းစီနဲ့ပတ်သက်ပြီး ချီးကျူးတာမျိုး လုပ်လေ့မရှိပါဘူး။ ဒါပေမယ့် ဒီပွဲမှာတော့ ပီပီနဲ့ ခရစ္စတီယာနိုတို့ဟာ တော်တော်လေး ကောင်းခဲ့ပါတယ်။ လူတွေကတော့ သူတို့ကို အဲလောက်ကောင်းမှာမဟုတ်ဘူးလို့ ထင်ကောင်း ထင်မှာပါ။ လူတွေက ရော်နယ်ဒိုကို အာရုံစိုက်ကြတယ်။ သူဂိုးသွင်းရမယ်လို့ပဲ ထင်နေကြပါတယ်။ ဒါပေမယ့် သူက တော်တော်ကောင်းကောင်းကစားခဲ့ပြီး အံ့သြစရာကောင်းတဲ့ အသင်းခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်” ဟု ဆန်းတို့စ်က ပြောကြားခဲ့သည်။
Ref : Goal


Leave a Reply
You must be logged in to post a comment.