သြဂုတ် ၄၊ ၂၀၁၆
M-Media
– မန်ချက်စတာယူနိုက်တက်အသင်း၏ ရာသီအကြို ခြေစမ်းပွဲစီစဉ်မှုမှာ အလွန်စိတ်ပျက်ဖွယ်ရာကောင်းသည်ဟု နည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
အသင်းရှိ အဓိကစားသမားအချို့မှာ ယူရို ၂၀၁၆ ပြီးနောက် အားလပ်ရက်အပို ရယူထားပြီး၊ မူလက ခြေစမ်းပွဲ ၄ ပွဲ ကစားရန် စီစဉ်ထားသော်လည်း ဘေဂျင်းတွင်ကစားမည့် မန်ယူနှင့် မန်စီးတီးတို့ပွဲမှာ ရာသီဥတုမကောင်းသောကြောင့် ဖျက်ပစ်ခဲ့ရသည်။
ထို့ကြောင့် မန်ယူမှာ လက်ရှိတွင် ၃ ပွဲသာ ကစားထားရပြီး ယနေ့မနက်တွင် အဲဗာတန်နှင့်ကစားခဲ့သည့် ၀ိန်းရူနီအမှတ်တရပွဲပါဝင်မှ ၄ ပွဲသာ ရှိမည်ဖြစ်သည်။ လာမည့်စနေနေ့တွင် မန်ယူမှာ လက်စတာနှင့် ကွန်မြူနတီဒိုင်းလုပွဲ ကစားရမည်ဖြစ်ပြီး မော်ရင်ဟိုကမူ ကစားသမားများမှာ ကစားချိန်များများ လိုအပ်သည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော့်ကစားသမားတွေက ကစားချိန်ပိုလိုအပ်ပါတယ်။ ကျွန်တော်တို့ စီစဉ်ခဲ့တဲ့ ရာသီအကြိုခြေစမ်းပွဲက တော်တော်လေး မကောင်းပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဥရောပကနေ တရုတ်ကို သွားကစားရလို့ပါပဲ။ ပရိတ်သတ်တွေကို ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမယ့် ပွဲတွေကိုနိုင်ဖို့အတွက် ပိုအရေးကြီးတာက ကစားသမားတွေ ကစားချိန်များများ ရဖို့ပါပဲ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.