News @ M-Media

စစ်ကိုင်းတိုင်း နာဂဒေသတွင် အမည်မသိရောဂါကြောင့် လူ ၃၀ ကျော် သေဆုံး

သြဂုတ် ၅၊ ၂၀၁၆
M-Media

Naga

– စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အမည်မသိ ရောဂါတစ်ခုကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များဖြစ်ကြသည်ဟု သိရသည်။

အဆိုပါရောဂါမှာ ၀က်သက်ရောဂါနှင့် ဆင်တူသည့် ရောဂါလက္ခဏာများကို ပြသပြီး ဒေသတွင်းအာဏာပိုင်များကမူ ကျန်းမာရေးတာဝန်ရှိသူများမှာ ထိုရောဂါဖြစ်ပွားနေသူများအား ကုသရန်အတွက် ရုန်းကန်နေရသည်ဟု ပြောကြားခဲ့သည်။

ထိုရောဂါမှာ ဇွန်လအတွင်းက ပေါ်ထွက်လာခြင်းဖြစ်ပြီး ကလေး၊ လူကြီး အားလုံးကို ကူးစက်နိုင်ကာ သေဆုံးမှုမှာ အသက် ၅ နှစ်အောက်ကလေးငယ်များတွင် ပိုမိုဖြစ်ပွားသည်ဟု ဒေသဆိုင်ရာ လွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့သည်။

“ဒီအမည်မသိရောဂါကြောင့် ဇူလိုင်လကတည်းက လာဟေးမြို့နယ်မှာ ကလေးငယ် ၂၈ ဦးသေဆုံးခဲ့ပြီး၊ နန်းယွန်မြို့နယ်မှာတော့ ၁၃ ဦးသေဆုံးခဲ့ပါတယ်” ဟု လွှတ်တော်အမတ် ဦးလောယုံက ပြောကြားခဲ့သည်။

ရောဂါဖြစ်ပွားသူများမှာ ခန္ဓာကိုတွင် အဖုအပိန့်များ ထွက်လာကာ အဖျားတက်ခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ ချောင်းဆိုး သွေးပါခြင်းတို့ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

လက်ရှိတွင် အဆိုပါ အမည်မသိရောဂါ ကူးစက်ခံနေရသူ အရေအတွက်မှာ ၂၀၀ ခန့် ရှိနေပြီး ဗဟိုအစိုးရ အာဏာပိုင်များမှ တုန့်ပြန်ဆောင်ရွက်မှု နှေးကွေးလျက်ရှိနေသည်။ ကျန်းမာရေးဝန်ကြီးဌာနကမူ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုအရေအတွက်ကို အတည်ပြုခဲ့ပြီး စမ်းသပ်မှုများ လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

Ref: Business Standard

Comments

Leave a Reply