စက်တင်ဘာ ၅၊ ၂၀၁၆
M-Media
– မိမိမှာ ဘောလုံးကို အရူးအမူးနှစ်သက်သော်လည်း သားဖြစ်သူ သီယာဂိုက မိမိခြေရာမနင်းဟု ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောကြားလိုက်သည်။
အာဂျင်တီးနား လက်ရွေးစင်ဖြစ်သူ မက်ဆီမှာ တစ်ဦးချင်းဆုတံဆိပ်ပေါင်းများစွာနှင့်အတူ၊ လာလီဂါဖလား ၈ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်နှင့် အခြားဆုဖလားပေါင်း များစွာကိုလည်း ရရှိထားသူဖြစ်သည်။ မက်ဆီကမူ မိမိ၏သားမှာ ဘောလုံးကို စိတ်ဝင်စားမှုသိပ်မရှိဘဲ မိမိကလည်း တွန်းအားမပေးဟု ဆိုသည်။
“သူ့ကို ကျွန်တော် ဘောလုံးတွေ များများစားစား မ၀ယ်ပေးသလို၊ ဘောလုံးကန်ဖို့လည်း ဖိအားမပေးပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူက ဘောလုံးကစားနည်းကို သိပ်မကြိုက်ဘူး” ဟု မက်ဆီက ပြောကြားခဲ့သည်။
ဘာစီလိုနာကမူ ၎င်းတို့အသင်းရှိ ကစားသမားများ၏ ကလေးငယ်များ ဘောလုံးကစားနိုင်ရေးအတွက် စီမံကိန်းတစ်ခုကို ဆောင်ရွက်နေပြီး မက်ဆီကမူ စောင့်ကြည့်ရမည်ဟု ဆိုသည်။
“ဒီနည်းနဲ့ သူ့ကို ဆွဲဆောင်နိုင်မလားဆိုတာကို ကြည့်ရမှာပေါ့ဗျာ။ ကောင်းမွန်တဲ့စတင်ခြင်း ဖြစ်မှာပါ”
Ref: Goal


Leave a Reply
You must be logged in to post a comment.