News @ M-Media

အမေရိကန်လူမည်းဘုရားကျောင်း မီးရှို့ခံရ၊ ‘ထရမ့်ကို မဲပေး’ ဟု ရေးသွား

နိုဝင်ဘာ ၄၊ ၂၀၁၆
M-Media

3eabf6e3120d4c7e826c0ad3a1639922_18

– အမေရိကန်ပြည်ထောင်စု မစ်စစ္စပီတွင် လူမည်းခရစ်ယာန်ဘုရားကျောင်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးရှို့သူများက ဘုရားကျောင်းနံရံတွင် ‘ထရမ့်ကို မဲပေးပါ’ ဟု ရေးသားခဲ့သည်။

ဂရင်းဗီလီရှိ Hopewell MB ကျောင်းဖြစ်ပြီး အင်္ဂါနေ့ည ၉ နာရီက တိုက်ခိုက်ခံရခြင်းဖြစ်သည်။ မီးလောင်မှုကြောင့် မီးဖိုဆောင်နှင့် သင်းအုပ်ဆရာရုံးခန်းအပါအ၀င် ဘုရားကျောင်းမှာ အကြီးအကျယ် ထိခိုက်ပျက်ဆီးခဲ့သည်။ သို့သော် မီးရှို့တိုက်ခိုက်မှု၏ နောက်ကွယ်မှ အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးပေ။

FBI က ထုတ်ပြန်သာ ကြေငြာချက်တွင် ထိုအဖြစ်အပျက်အတွင်း နိုင်ငံသားအခွင့်အရေးများကို ချိုးဖောက်မှုသလားဆိုသည်နှင့်ပတ်သက်၍ ဒေသတွင်း၊ ပြည်နယ်နှင့် ဖက်ဒရယ်တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိချေ။ ဂရင်းဗီလီမြို့တော်ဝန် အဲရစ် ဆင်မွန်ကမူ အဆိုပါ အဖျက်အပျက်မှာ အမုန်းအခြေခံပြီး သူရဲဘောကြောင်သည့်လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇွန်လက တောင်ကယ်ရိုလိုင်းနားပြည်ယန် ချာလ်စတန်ရှိ လူမည်းခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နိုင်ငံတောင်ပိုင်းရှိ ထင်ရှားသော လူမည်းဘုရားကျောင်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ချာလ်စတန်ပစ်ခတ်မှုအတွင်း လူ ၉ ဦး သေဆုံးခဲ့သည်။

Ref : Aljazeera