News @ M-Media

ဘိုကိုဟရမ်ကြောင့် လူ ၁ သန်းခန့် အကူအညီပြတ်တောက်

နိုဝင်ဘာ ၂၆၊ ၂၀၁၆
M-Media

boko

– အနောက်အာဖရိကရှိ နာမည်ကြီးရေကန် Lake Chad ပတ်ဝန်းကျင်ဒေသတွင် လူပေါင်း ၁ သန်းခန့်ကို ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဖြတ်တောက်ထားသည်ဟု ကုလက ယခုတစ်ပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။

ချဒ်၊ ကင်မရွန်း၊ နိုင်ဂျာနှင့် နိုက်ဂျီးရီးယား နယ်နမိတ်များဆုံရာ အဆိုပါ Lake Chad ဒေသတွင် ဘိုကိုဟရမ်အဖွဲ့ကြောင့် လူပေါင်း ၁ သိန်းကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အခြား လူသိန်းပေါင်းမျာစွာမှာလည်း အတိဒုက္ခ ရောက်ခဲ့ရသည်။

လုံခြုံရေးတာဝန်ရှိသူများကမူ ဒေသတွင်းစစ်ဆင်ရေးတပ်ဖွဲ့မှာ အဆိုပါဒေသကို ပြန်လည်ရရှိရန် ကြိုးစားတိုက်ခိုက်နေကြပြီး၊ ပြီးခဲ့သည့်လအနည်းငယ်အတွင်း စစ်သွေးကြွ ရာပေါင်းများစွာမှာ လာရောက်အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။

ဆာဟီလ်ဒေသဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး တိုဘီ လန်ဇာကမူ မတည်ငြိမှုများကြောင့် ဒေသအများအပြားတွင် အကူအညီပေးရန် မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

“အကူအညီမရောက်နိုင်တဲ့ ဒေသနဲ့ ရွာတွေမှာ စုစုပေါင်း လူ ၁ သန်းလောက်အထိ ရှိမယ်လို့ ယုံကြည်ပါတယ်”

Ref : IINA