News @ M-Media

ကျွန်းဆွယ် လက်ဝှေ့ချန်ပီယံ လှရွှေ(ခ) အင်နာမွလ္လာခန်း (ဒုအရာခံဗိုလ် တပ်မတော်ရေ)

လက်ဝှေ့ပွဲပေါင်း ၂၂၇ ပွဲ ယှဉ်ပြိုင်ခဲ့ရာ အနိုင်ပွဲ ၂၀၄ ပွဲ နှင့် ရှုံးပွဲ ၂၃ ပွဲရှိသည်။

တပ်မတော် လက်ဝှေ့ကော်မတီ၏ လက်ဝှေ့ နည်းပြနှင့် မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချူပ်၏ ဒိုင်လူကြီး တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၀ ပြည့်နှစ်က မြန်မာပြည်ချန်ပီယံ နှင့် ကြည်း၊ရေ၊ လေ ချန်ပီယံဆုရခဲ့သည်။

၁၉၆၂ ခုနှစ်က ဒုတိယ ကျွန်းဆွယ်အားကစားပြိုင်ပွဲ လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။

၁၉၆၉ ငါးကြိမ်မြောက် ကျွန်းဆွယ်အားကစားပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် ရရှိခဲ့သည်။

အိန္ဒိယ-မြန်မာ၊ ပါကစ္စတန်-မြန်မာ ပြိုင်ပွဲများတွင်လည်း ပထမရခဲ့သည်။

ကြည်း၊ ရေ၊ လေ အကောင်းဆုံးဆုများ ဆွတ်ခူးရရှိခဲ့သည်။

ကိုးကား-၂၀၀၄ ခုနှစ်တွင် ထုတ်ဝေခဲ့သော အစ္စလာမ်ဓမ္မဗိမာန် (၇၅) နှစ်မြောက် စာစောင်