News @ M-Media

အိုဘာမား မွတ်စလင် ဖြစ်ရေး အဘွားဖြစ်သူ ဟဂ်ျခရီးစဉ်တွင်ဒိုအာ တောင်း

အမေရိကန်သမ္မတအိုဘာမား၏ အဘွားဖြစ်သူ ယခုနှစ်တွင် မက္ကာမြို့သို့သွားရောက် ဟဂ်ျပြုခဲ့စဉ်အတွင်း သူ၏မြေးဖြစ်သူ မစ္စတာအိုဘာမား အစ္စလာမ်သာသနာအားလက်ခံ ရန် အလ္လဟ်အရှင်မြတ်ထံတွင် ဆုတောင်းခဲ့ကြောင်း ဆော်ဒီ သတင်းစာ Al watan နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ပါသည်။

အသက် ၈၈နှစ်အရွယ်ရှိသော ဆရဟ်အိုမာက “မြေးလေး အိုဘားမား အစ္စလာမ် ကိုလက်ခံလာဖို့  အလ္လဟ်အရှင်မြတ်ထံပါးမှာ ဒိုအာလုပ်ခဲ့ပါတယ် ” ဟု ပြောပါသည်။ ယခုနှစ် ဟဂ်ျကာလတွင် သမ္မတအိုဘာမားအဘွား၊ နှင့် ဦးလေးဖြစ်သူ ဆအီးဒ်ဟူစိန်အိုဘာမားလည်းလိုက်ပါ ဟဂ်ျ ၀တ်ပြုခဲ့ကြောင်းသိရသည်။

သူတို့အား ဆော်ဒီဘုရင့်မိသားစုမှ ကမကထပြု စီစဉ်ပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း ယင်းတွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသွားပါသည်။

AFP

Comments

Leave a Reply