ဖေဖော်ဝါရီ ၁၀၊ ၂၀၁၈
M-Media

– မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ တောင်ကိုရီးယားသမ္မတအား ပြုံးယမ်သို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ပြီး ကိုရီးယားနှစ်နိုင်ငံအကြား ထူးခြားသည့် ဖိတ်ခေါ်မှုလည်းဖြစ်သည်။
ကင်ဂျုံအန်၏ ညီမ ကင်ယိုဂျွန်ဦးဆာင်သည့် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့မှာ ယမန်နေ့က ဆိုးလ်မြို့ရှိ သမ္မတနန်းတော်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်နှင့် တွေ့ဆုံစဉ် ကင်ဂျုံအန်၏ ဖိတ်ခေါ်စာကို ပေးခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားသမ္မတ ပြောရေးဆိုခွင့်ရှိသူက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“သမ္မတ မွန်ဂျယ်အင်နဲ့ သိပ်မကြာခင်မှာ တွေ့ဆုံလိုတဲ့အကြောင်း၊ သင့်လျော်တဲ့အချိန်မှာ သမ္မတမွန်အနေနဲ့ မြောက်ကိုရီးယားကို လာရောက်လည်ပတ်မယ်လို့ မျှော်လင့်ကြာင်း ကင်ဂျုံအန်ရဲ့ အမှာကို သူမက ပါးခဲ့ပါတယ်” လို့ ပြောရေးဆိုခွင့်ရှိသူ ကင်အီကျွန်က ဆိုသည်။
သမ္မတ မွန်ဂျယ်အင်က တွေ့ဆုံမှု အကောင်အထည်ပေါ်လာရန်အတွက် မှန်ကန်သော အနေအထားတစ်ခုကို နှစ်ဖက် ပူးပေါင်းတည်ဆောက်ရမည်ဟု ပြန်လည်ပြောကြားခဲ့သည်။
မြောက်ကိုရီယား ကိုယ်စားလှယ်အဖွဲ့မှာ ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် သောကြာနေ့က တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ကိုရီယားနှစ်နိုင်ငံမှ ကစားသမားများမှာ ညီညွတ်သော အလံတော်အောက်၌ စုပေါင်း ချီတက်ခဲ့ကြသည်။
Ref: Aljazeera