News @ M-Media

လိင်ကျွန်ပြုခံရသူများအတွက် အောက်မေ့ဖွယ်အခမ်းအနား တောင်ကိုရီးယား ကျင်းပ

သြဂုတ် ၁၄၊ ၂၀၁၈
M-Media

ဆိုးလ်ရှိ ဂျပန်သံရုံးရှေ့တွင် ထားရှိသည့် လိင်ကျွန်ပြုခံရသည့် အမျိုးသမီးများအတွက် အမှတ်တရရုပ်တု

– ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ဆောင်ကြာမြိုင်တွေမှာ လိင်ကျွန်အဖြစ် အဓမ္မခိုင်းစေခံခဲ့ရတဲ့ အမျိုးသမီးတွေအတွက် အောက်မေ့ဖွယ်နေ့ကို တောင်ကိုရီးယားနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

စစ်အတွင်းက ဒီကိစ္စနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ တောင်ပန်ခဲ့ပြီး အသက်ရှင်ကျန်ရစ်တဲ့ အမျိုးသမီးတွေကို ကူညီပေးဖို့အတွက် ယန်း ၁ ဘီလီလီယံ (ကန်ဒေါ်လာ ၉.၄ သန်း) နစ်နာကြေး ပေးခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်ဂျယ်အင်က ဒီလို အောက်မေ့ဖွယ့်နေ့ သတ်မှတ်ကျင်းပရတာကြောင့် ဂျပန်နဲ့ တောင်ကိုရီးယားတို့အကြား သံတမန်ဆက်ဆံရေး ဒီခိုက်မယ်လို မမျှော်လင့်ဘဲ ဒီကိစ္စဟာ သံတမန်ကြောင်းအရ ဆွေးနွေးလို့ရမယ့် ကိစ္စမျိုးအဖြစ် မိမိအနေနဲ့ မယူဆဘူးလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့နဲ့ ဂျပန်အပါအ၀င် ကမ္ဘာကြီးက အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နက်နက်ရှိုင်းရှိုင်း တုန့်ပြန်ဆောင်ရွက်ပြီး၊ ဒီဖြစ်ရပ်ကနေ သင်ခန်းစာ၊ အသိတရားတွေ ရယူကာ နောက်နောင် ဒါမျိုးထပ်မဖြစ်အောင် ဆောင်ရွက်မှသာ ပြေလည်မယ့် ကိစ္စမျိုး ဖြစ်ပါတယ်”

ဂျပန်ကတော့ ဒီကိစ္စကို ၂၀၁၅ ခုနှစ်မှာ ဖြေရှင်းခဲ့ကြောင်း၊ အခုလုပ်ရပ်ဟာ နှစ်နိုင်ငံ အကျိုးကိုရှေ့ရှုတဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ မွန်ဂျယ်အင်အစိုးရက ဒီကိစ္စကို ရှေ့တန်းတင်လာပြီး ဂျပန်အနေနဲ့ ပိုမိုဆောင်ရွက်ပေးဖို့ လိုလားနေပါတယ်။ စစ်အတွင်းမှာ အမျိုးသမီးတွေကို လိင်ကျွန်အဖြစ် လုပ်ဆောင်စေတာဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဖြစ်တယ်လို့ မွန်ဂျယ်အင်က မတ်လမှာ ပြောကြားခဲ့ပြီး ဂျပန်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူး ယိုရှီဟီဒီ ဆူဂါက ဒါဟာ အင်မတန် ၀မ်းနည်းဖွယ်ကောင်းတဲ့ မှတ်ချက်ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

လိင်ကျွန်အဖြစ် ခိုင်းစေခံခဲ့ရတဲ့ တောင်ကိုရီးယားအမျိုးသမီး ကင်မ်ဟက်ဆန်က သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်အကြောင်းစုံကို ၁၉၉၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုကို အခြေခံပြီး ဒီကနေ့ကို ‘အောက်မေ့ဖွယ်နေ့’ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတွေကို ၁၉၁၀ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Ref: CNA