စက်တင်ဘာ ၁၀၊ ၂၀၁၈
M-Media
– ငွေကျပ် ဒေါ်လာ ဘီလီယံချီ ပျောက်ဆုံးခဲ့တဲ့ မလေးရှားနိုင်ငံပိုင် 1MDB လုပ်ငန်းနဲ့ပတ်သက်တဲ့ စင်ကာပူဒေါ်လာ ၁၅.၃ သန်းကို မလေးရှားထံ ပြန်လည်ပေးအပ်ဖို့အတွက် စင်ကာပူတရားရုံးတစ်ခုက ဒီကနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
ဒါဟာ 1MDB ပြဿနာနဲ့ပတ်သက်ပြီး စင်ကာပူက သိမ်းဆည်းထားတဲ့ ငွေတွေထဲက ပမာဏအနည်းငယ်သာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက်မှာ 1MDB ကနေ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံလောက် ပျောက်ဆုံးခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်လို့ စင်ကာပူအပါအ၀င် နိုင်ငံပေါင်း ၆ နိုင်ငံက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
1MDB နဲ့ စက်ဆပ်ပြီး စင်ကာပူနိုင်ငံထဲဝင်လာတဲ့ ငွေသားတွေနဲ့ ပြောင်းရွှေ့လို့ မရတဲ့ ပစ္စည်း စုစုပေါင်း စင်ကာပူဒေါ်လာ သန်း ၂၄၀ ဖိုးကို သိမ်းဆည်းခဲ့တယ်လို့ ၂၀၁၆ ခုနှစ်မှာ စင်ကာပူက ကြေငြာခဲ့ပါတယ်။
ဒီပိုက်ဆံတွေ၊ ပစ္စည်းတွေကို ပြန်ပေးဖို့အတွက် စင်ကာပူနဲ့ မလေးရှားတို့ဟာ မေလမှာ သဘောတူညီခဲ့ကြပြီး ဒီကနေ့ဆုံးဖြတ်ချက်ဟာ ပထမအသုတ် ပြန်ပေးမှု ဖြစ်ပါတယ်။
ငွေတွေကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာရှိတဲ့ 1MDB အထူးအကောင့်ကို လွှဲပေးသွားမှာ ဖြစ်ပါတယ်။
မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်ဂွန်အန်က စင်ကာပူတရားရုံးရဲ့ ဒီဆုံးဖြတ်ချက်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
1MDB နဲ့ ဆက်စပ်တဲ့ ငွေကြေးခ၀ါချမှုမှာ ပါဝင်ခဲ့တဲ့ ဘဏ်တော်တော်များများနဲ့ တာဝန်ရှိသူတွေကို စင်ကာပူက အရေးယူထားပါတယ်။
Ref: CNA