News @ M-Media

လူ့ဦးနှောက် မှတ်ဥာဏ်

သြဂုတ် ၁၄၊ ၂၀၁၃
M-Media Knowledge ကဏ္ဍ
ရှာဖွေတင်ဆက်သူ – မိုးတိမ်

brain

CD တွေ၊ Memory Stick တွေ၊ Hard disk တွေပေါများလာတဲ့ ယခုခေတ်မှာ သိုလှောင်သိမ်းဆည်းနိုင်တဲ့ ပမာဏကိုပြောတဲ့ ယူနှစ် Byte တွေနဲ့ တော်တော်ရင်းနှီးလာကြပါပြီ။ ဘယ်ပမာဏရှိတဲ့ ပစ္စည်းတစ်ခုက ရုပ်ရှင်၊ သီးချင်းနှင့် ဓါတ်ပုံတွေ ဘယ်လောက်သိမ်းထားနိုင်လဲ လွယ်လွယ် ကူကူနဲ့ သိလာကြပါပြီ။ ဒါဖြင့် ကျွန်တော်တို့ ကိုယ်ခန္ဓာထဲက မှတ်ဥာဏ်ပစ္စည်း ဦးနှောက်ကရော ဘယ်လောက် Byte သိမ်းနိုင်ပါလိမ့်?

ဦးနှောက်ထဲက အချက်အလက်တွေကို Byte တွေနဲ့ နှိုင်းတာ သိပ်ကောင်းတဲ့ ဥပမာ မဟုတ်ပေမယ့် 2.5 petabytes (2,500 terabytes) ထိရှိတယ်လို့ ခန့်မှန်းကြပါတယ်။ တကယ်လို့ video recorder တစ်လုံးဆိုပါက နာရီပေါင်း ၃ သန်းထိ ရုပ်ရှင်တွေသိမ်းထားလို့ရပါတယ်။ နှစ် ၃၀၀ လောက်တောက်လျောက် TV ဖွင့်ထားနိုင်တဲ့ ပမာဏဖြစ်ပါတယ်။

ဦးနှောက်ထဲမှာ အာရုံစနစ် (Neuron) ပေါင်း ၅၀ ကနေ ၂၀၀ ဘီလီယံခန့်ရှိပြီး Neuron တစ်ခုဟာ အချက်အလက်သိမ်းဆည်းဖို့ အခြား Neuron တွေနဲ့ အဆက်အစပ်ပေါင်း ၁၀၀၀ ကနေ ၁ သိန်းခန့်ပြုနိုင်ပါတယ်။ အဆက်အစပ် တစ်ခုကို အချက်အလက် Byte တစ်ခုစာမျှ သိမ်းနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ ဒါဟာ တော်တော်နည်းနိုင်သလို တော်တော်များတာလည်း ဖြစ်နိုင်ပါတယ်။

ကိုးကား – Scientific American

Comments

Leave a Reply