News @ M-Media

ရလဒ်ဆိုးများအတွက် ကစာသမားများကိုသာ အပြစ်တင်ရမည်ဟု မန်ယူနောက်ခံလူ ရာဖေးလ်ဆို

ဇန်နဝါရီ ၁၃ ၊ ၂၀၁၄
M-Media
article-2538336-1A93D8A700000578-269_634x453
– မန်ယူအသင်း၏ ဆိုးရွားနေသော လက်ရှိအခြေအနေအတွက် နည်းပြမိုယက်စ်အား အပြစ်မတင်သင့်ဘဲ ကစားသမားများကိုသာ အပြစ်တင်သင့်သည်ဟု မန်ချက်စတာယူနိုက်တက်အသင်း၏ နောက်ခံလူ ရာဖေးလ်က ပြောကြားခဲ့သည်။

မန်အသင်းမှာ ပရီးမီးယားလိဂ်တွင် အဆင့် ၇ ၌ရှိနေပြီး၊ FA ဖလားပြိုင်ပွဲမှလည်း ထွက်ခွာခဲ့ရကာ၊ လိဂ်ဖလား ဆီးမီးဖိုင်နယ် ပထမအကျော့တွင်လည်း ရှုံးနိမ့်ထားသည်။

“ကျွန်တော်တို့(ကစားသမားတွေက)သာ တာဝန်ယူရမှာပါ။ လူတိုင်းက ဘာကြောင့် နည်းပြကို အပြစ်ပြောနေကြလဲဆိုတာ ကျွန်တော်နားမလည်ပါဘူး။ ကစားကွင်းထဲမှာ စွမ်းဆောင်ရတာက ကစားသမားတွေပါပဲ” ဟု ရာဖေးလ်က ပြောကြားခဲ့ပြီး မိုယက်စ်မှာ ပြင်းထန်သော စိတ်ဓာတ်ရှိကြောင်း၊ မိမိတို့အနေဖြင့် ထိုအရာကို အကောင်းဘက်သို့ ရောက်အောင် အသုံးချရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ရီးယဲလ်ကစားသမားဟောင်း ဇီဒိန်းကလည်း ဖာဂူဆန်လက်ထက်က အလယ်တန်းကစာသမား ပေါ့ဂ်ဘာအား အသင်းမှ ထွက်ခွာခွင့်ပေးခဲ့ခြင်းမှာ မှားယွင်းခဲ့ပြီး ပေါ့ဂ်ဘာမှာ ပေါလ်စခိုးလ်၏ နေရာတွင် အကောင်းဆုံး အစားထိုးနိုင်သူဖြစ်သည်ဟု သိရသည်။

Comments

Leave a Reply