News @ M-Media

ဗန်ဂါလ်မှာ မန်ယူ အတွက် အသင့်တော်ဆုံးဟု ဝေးလ် လက်ထောက် နည်းပြဟောင်းဆို

မေ ၃ ၊ ၂၀၁၄
M-Media
375760_heroa
– ကမ္ဘာ့ဖလားပြိုင်ပွဲပြီးလျှင် ဟော်လန်အသင်းနှင့် လမ်းခွဲတော့့မည့် လူဝစ်ဗန်ဂါလ်မှာ မန်ယူအသင်းအတွက် အသင့်တော်ဆုံး နည်းပြဖြစ်သည်ဟု ဝေးလ်နည်းပြဟောင်း ဒခ်ျလူမျိုး ရေမွန် ဗာဟီဂျန်က ပြောကြားလိုက်သည်။

ဟော်လန် လူငယ်ကစားသမား ရွေးချယ်လေ့ကျင့်ပေးရေးဌာနတွင် ဗန်ဂါလ်နှင့် အလုပ်အတူ တွဲလုပ်ခဲ့ဖူးသည့် ဗာဟီဂျန်မှာ ဖာဂူဆန်၏နေရာတွင် မိုယက်စ်အား အစားထိုးခဲ့ခြင်းအတွက် ကာလကြာရှည်စွာ ဝေဖန်ခဲ့သူဖြစ်သည်။

ထို့ပြင် မန်ယူအသင်းအား ပြုပြင်ပြောင်းလဲရန်အတွက် ပေါင် သန်း ၂၀၀ ခန့်လိုအပ်မည်ဟု ဗာဟီဂျန် ဆိုသည်။

“ဗန်ဂါလ်ဟာ ပရီးမီးယာားလိဂ်မှာ နည်းပြလုပ်ဖို့ တော်တော် ဆန္ဒရှိနေပါတယ်။ သူဟာ အသင်းကို အခြေကစလို့ တည်ဆောက်သူဖြစ်ပြီး ကျောင်းဆရာတစ်ယောက်လိုပါပဲ။ မန်ယူအတွက် သူဟာ အသင့်တော်ဆုံးလို့ ကျွန်တော်ထင်ပါတယ်။ နောက်တစ်ချက်က ကစားသမားအသစ်တွေ ခေါ်ဖို့ ပေါင် သန်း ၂၀၀ လောက်သုံးနိုင်တယ်ဆိုတဲ့ အချက်ကလည်း သိပ်စိတ်ဝင်စားစရာပါ” ဟု Mirror Sport သို့ ဗာဟီဂျန်က ပြောကြားခဲ့သည်။

အသင်းအား ရလဒ်ကောင်းများရအောင် စွမ်းဆောင်မပေးနိုင်သည့် နည်းပြ မိုယက်စ်အား ထုတ်ပယ်ခဲ့ပြီးနျောက် မန်ယူအသင်းမှာ နည်းပြသစ်တစ်ဦးကို ရှာဖွေနေပြီး ဗန်ဂေါလ်မှာ မန်ယူနည်းပြသစ်ဖြစ်လာရန် ရေပန်းအစားဆုံး ဖြစ်နေသည်။

Comments

Leave a Reply