မေ ၄ ၊ ၂၀၁၄
M-Media
– လက်စ်ဗီးဂတ်စ်တွင် ထိုးသတ်ခဲ့သည့် ၀ယ်သာဝိတ်တန်း လက်ဝှေ့ စိန်ခေါ်ပွဲတွင် ဗြိတိန်လက်ဝှေ့ အကျော်အမော် အာမီရ်ခန်းမှာ ၀ယ်သာဝိတ်ချန်ပီယံဟောင်း လူးဝစ်ကော်လာဇိုကို ဒိုင်အဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့သည်ဟု သိရသည်။
ယမန်နေ့က လက်စ်ဗီးဂက်စ်ရှိ MGM Grand ဟိုတယ်တွင် ထိုးသတ်ခဲ့သည့် အဆိုပါပွဲတွင် အသက် ၂၇ နှစ်အရွယ် ခန်းမှာ ကော်လာဇိုအား အသာစီးဖြင့်ထိုးသတ်နိုင်ခဲ့ပြီး သုံးကြိမ်တိုင်တိုင် အလဲထိုးနိုင်ခဲ့သည်။
ပွဲပြီးအတွင် ဒိုင်များက ရမှတ်ကြေညာခဲ့ရာ ဒိုင်လူကြီး ၃ ဦးအနက် ၂ ဦးက ခန်းအား အနိုင်ပေးခဲ့ခြင်းဖြစ်သည်။ ယခုပွဲမှာ လက်ဝှေ့ထိုးခြင်းမှ ၁၂ လခန့် နားခဲ့ပြီးနောက် ခန်း၏ ပထမဆုံးပွဲလည်းဖြစ်သည်။
“ကော်လာဇိုဟာ ထိုးရသိပ်ခက်ပါတယ်။ ကျွန်နော်အနားရလိုက်တာ သိပ်ကောင်းသွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ လက်ဝှေ့လောကကနေ ခဏလောက်အနားယူဖို့ ကျွန်တော်လိုအပ်ခဲ့တာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ တစ်ချို့အရာတွေလုပ်ဖို့လည်း လိုအပ်ခဲ့ပါတယ်” ဟု ခန်းကဆိုပြီး၊ ကော်လာဇိုအား အနိုင်ရအောင် ထိုးနိုင်ခဲ့သည့်အတွက်လည်း ကျေနပ်မိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
လိုက်ဝယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ခန်းက ရှုံးပွဲမရှိသေးသည့် ကမ္ဘာ့ချန်ပီယံ အမေရိကန် လက်ဝှေ့အကျော်အမော် ဖလွိုက် မေ၀ယ်သာနှင့် ထိုးသတ်ရန်လည်း မျှော်လင့်နေသည်။
AFP

Leave a Reply
You must be logged in to post a comment.