မေ ၇ ၊ ၂၀၁၄
M-Media
– ယနေ့နံနက်က ခရစ္စတယ်ပဲလေ့စ်နှင့် ပွဲမှာ မိမိတို့ အတွက် သင်ခန်းစာဖြစ်သည်ဟု လီဗာပူးလ် နည်းပြ ဘရန်ဒန်ရော်ဂျာက ၀န်ခံခဲ့ပြီး၊ ထိုအရှုံးအား ပြန်လည် ကုစားသွားမည်ဟု ပြောကြား ခဲ့သည်။
လီဗာပူးလ်မှာ ထိုပွဲတွင် ဒုတိယပိုင်း မိနစ် ၇၀ ကျော်အထိ ၃ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ၁၀ မိနစ်အတွင်း ၃ ဂိုး ပြန်ပေးခဲ့ရပြီး သရေသာ ရခဲ့သည်။ ထိုပွဲရလဒ်က ၁၉၉၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး ရည်မှန်ချက်ကိုလည်းေ၀၀ါးစေခဲ့သည်။
“တကယ့်ကို စိတ်ပျက်စရာပါပဲ။ ၇၈ မိနစ်အထိ ကျွန်တော်တို့ သိပ်ကောင်းခဲ့ပြီး လုပ်ချင်သလိုလည်း လုပ်နိုင်ခဲ့ပါတယ်။ နောက်တန်းကလည်း မာကျောခဲ့ပြီး အမှားတွေ သိပ်မရှိခဲ့ပါဘူး…. ဒါပေမယ့် နောက်ဆုံး ၁၂ မိနစ်မှာတော့ ကျွန်တော်တို့ ခံစစ်ဟာ ဖရိုဖရဲဖြစ်ခဲ့ပြီး၊ မပေးသင့်တဲ့ ဂိုး ၃ ဂိုးကို ပေးလိုက်ရပါတယ်” ဟု ရော်ဂျာက ပွဲအပြီးတွင် ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်ရာသီက မိမိတို့အသင်းတွင် လိုအပ်ချက်များရှိနေပြီး၊ ယခုရာသီတွင် ပြုပြင်နိုင်ခဲ့ကြောင်း ယခုအမှားမှာလည်း လာမည့်ရာသီတွင် ပြုပြင်ရမည့် အမှားဖြစ်ကြောင်း ရော်ဂျာက ထည့်သွင်းပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းမှာ ပရီးမီးယားလိဂ်တွက် ယခုလက်ရှိ ၄၉ ဂိုး ပေးထားရပြီး ထိပ်ဆုံး ၅ သင်းတွင် ပေးဂိုးအများဆုံးဖြစ်သည်။ ရော်ဂျာကလည်း အသင်း၏ ဆိုးရွားသော ခံစစ်အား အသေးစိတ် ပြုပြင်ရမည်ဟု ၀န်ခံခဲ့သည်။ လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါကမူ ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ကစားခဲ့သည့် လီဗာပူးလ်နောက်တန်းအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
Leave a Reply
You must be logged in to post a comment.