သြဂုတ် ၂၂၊ ၂၀၁၄
M-Media
– အသင်းရှိ ဘော့စနီးယာတိုက်စစ်မှူး ဇက်ကိုအား လေးနှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သည်ဟု မန်စီးတီးအသင်းက ကြေညာခဲ့သည်။
အဓိက ကစားသမားများကို ကာလရှည် စာချုပ်ချုပ်ဆိုနေသည့် မန်စီးတီးအသင်းမှာ တိုက်စ.စ်မှူး ဇက်ကိုနှင့် ဂိုးသမားဂျိုးဟတ်တို့ကို သက်တမ်းတိုးသွားမည်ဟု တနင်္ဂနွေနေ့ကတည်းက ပြောကြားခဲ့သည်။
“မန်စီးတီးမှာရှိနေရတာကို ကျွန်တော် သိပ်ပျော်ပါတယ်။ ဒီနေရာဟာ ကျွန်တော့်အတွက် ဒုတိယအိမ်ပါပဲ။ ဒါ့ကြောင့် ရေရှည်ရှိနေဖို့ဆိုတာ ကျွန်တော့်အတွက် လွယ်ကူတဲ့ဆုံးဖြတ်ချက်ပါ။ ဒီထက်ပိုကောင်းတဲ့နေရာကို ကျွန်တော် မမြင်မိပါဘူး” ဟု ဇက်ကိုက သက်တမ်းတိုးမှုနှင့် စပ်လျဉ်း၍ ပြောကြားခဲ့သည်။
မန်စီးတီးအသင်းမှာ သြဂုတ်လအတွင်းမှာပင် အသင်း၏ အဓိက ကစားသမားများ ဖြစ်ကြသည့် ဗင်းဆင့် ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗားနှင့် အဂူရိုတို့ကိုလည်း ကာလရှည် သက်တမ်းတိုးစာချုပ်များ ချုပ်ဆိုခဲ့သည်။
ပြီးခဲ့သည့်ရာသီ၌ မန်စီးတီးအသင်း၏ အဓိက တိုက်စစ်မှူးများ ဒဏ်ရာရရှိနေချိန်တွင် ဇက်ကိုမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ရာသီပိတ်နောက်ဆုံးသုံးပွဲတွင် ၎င်းသွင်းယူခဲ့သောဂိုးများက မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို သေချာစေခဲ့သည်။
Leave a Reply
You must be logged in to post a comment.