News @ M-Media

တနေ့ အင်္ဂလန် လက်ရွေးစင် အသင်းကို နည်းပြအဖြစ် ဆောင်ရွက်လိုကြောင်း ဖာဒီနန်ပြော

သြဂုတ် ၂၄၊ ၂၀၁၄
M-Media
447545_heroa
– ကစားသမားဘ၀က အနားယူပါက အင်္ဂလန်လက်ရွေးစင် အသင်းအတွက် နည်းပြအဖြစ် ဆောင်ရွက်သွားရန် စိတ်ကူးရှိနေသည်ဟု မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ပြောကြားလိုက်သည်။

အသက် ၃၅ နှစ်အရွယ်ရှိ ဖာဒီနန်မှာ မန်ယူအသင်းတွင် ၁၂ နှစ်ကြာ ကစားခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့ အစောပိုင်းက ကျူပီအာသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့သွားခဲ့သူဖြစ်သည်။

ကစားသမားဘ၀ နေ၀င်ချိန်သို့ ရောက်ရှိလာခဲ့သောကြောင့် ဖာဒီနန်မှာ ၎င်း၏ အနာဂတ်အတွက် စဉ်စားထားမှုများကို ယခုကဲ့သို့ ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။

“လူတိုင်းက အင်္ဂလန်အသင်းမှာ ကစားဖို့ အိပ်မက်မက်ကြပြီး၊ ကျွန်တော်ကတော့ အင်္ဂလန်အသင်းကို ကိုင်တွယ်ဖို့ အိပ်မက် မက်ပါတယ်။ ဒီအခွင့်အရေးကို အခုတော့ မမျှော်လင့်ပါဘူး။ ဒါပေမယ့် တစ်ချိန် အခွင့်အရေး ရလာတဲ့အခါ အဲဒီနေရာမှာ ရှိနေမှာပါ” ဟု ဖာဒီနန်က Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။

ထို့ပြင် အင်္ဂလန်အသင်းအနေဖြင့် အခြားသော ပြိုင်ဘက်အသင်းများက လူငယ်နည်းပြများအား နေရာပေးသည်ကို အတုယူသင့်ကြောင်း၊ မိမိတို့မှာ ထိုကဏ္ဍတွင် အားလုံးထက် ၁၀ နှစ်ခန့် နောက်ကျနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Comments

Leave a Reply