နိုဝင်ဘာ ၄ ၊ ၂၀၁၄
M-Media
– ဒါဘီပွဲ လေးကြိမ်ဆက်အဖြစ် မန်စီးတီးအား ရှုံးခဲ့ရခြင်းအတွက် စိတ်မသက်မသာ ဖြစ်သော်လည်း မိမိအသင်းမှာ ထိုအရှုံးမှ ပြန်လာမည်ဟု မန်ယူကွင်းလယ်လူ မာတာက ပြောကြားလိုက်သည်။
ထိုပွဲအရှုံးကြောင့် မန်ယူမှာ အဆင့် ၁၀ နေရာသို့ ရောက်သွားခဲ့ပြီး ဇယားထိပ်မှ ချယ်ဆီးနှင့် ၁၃ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်သည်။
“ဒါဘီပွဲတွေဟာ အမြဲတမ်းထူးခြားပြီး မန်ချက်စတာ ဒါဘီကတော့ တကယ့်ကို ပြင်းထန်ပါတယ်။ ဒါကို တစ်ပတ်လုံး မန်ချက်စတာရဲ့လမ်းတွေပေါ်မှာ ခံစားနိုင်ပါတယ်။ ဒါ့ကြောင့်ပဲ အရှုံးကို လက်ခံဖို့ ခက်ခဲနေတာပါ။ ကွင်းထဲမှာ အသင်းဖော်တွေကို မကူညီနိုင်ခဲ့ပေမယ့် တစ်သင်းလုံး စိတ်မသက်မသာဖြစ်နေတယ်ဆိုတာကိုတော့ ကျွန်တော် ပြောနိုင်ပါတယ်” ဟု မာတာက ၎င်း၏ ဘလော့တွင် ရေးသားဖော်ပြခဲ့သည်။
ထို့ပြင် ယခုအချိန်၌ အမှတ်ပေးဇယားကို ကြည့်ခြင်းထက် အသင်းတွင် တိုးတက်ရန်နှင့် ပွဲများကို အနိုင်ရရန် အာရုံစိုက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အသင်းမှာ အရှုံးမှ ပြန်လာနိုင်မည်ဖြစ်ကြောင်း မာတာက ထပ်လောင်းပြောကြားခဲ့သည်။
ယခုနှစ် ပရီးမီးယားလိဂ်တွင် ၃ ပွဲသာ အနိုင်ရရှိထားသည့် မန်ယူမှာ ယခုသီတင်းပတ်တွင် ခရစ္စတယ်ပဲလေ့စ်နှင့် အဝေးကွင်းတွင် သွားရောက်ကစားရမည်ဖြစ်ပြီး မာတာကမူ မိမိတို့ အခြေအနေကို ထိုပွဲတွင် ပြောင်းလဲနိုင်မည်ဟု ယုံကြည်ကြောင်း ရေးသားခဲ့သည်။
Leave a Reply
You must be logged in to post a comment.