News @ M-Media

ပရိတ်သတ် ပစ်ပေါက်သည့် အရာဝတ္ထုထိပြီး ရှော်လ်ကာ လက်ထောက် နည်းပြ ခေါင်းကွဲ

ဒီဇင်ဘာ ၁၅ ၊ ၂၀၁၄
M-Media
720082_heroa
– ယမန်နေ့က ကစားခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် ရှော်လ်ကာအသင်း၏ လက်ထောက်နည်းပြမှာ ပရိတ်သတ်ထဲမှ ပစ်ပေါက်သည့် အရာဝတ္ထုမှန်ပြီး ဦးခေါင်းတွင် ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

Koln အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အဆိုပါပွဲ၏ ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် ရှော်လ်ကာ လက်ထောက်နည်းပြ ဆဗန် ဟက်ဘ်ရှာ၏ ခေါင်းမှာ သွေးချင်းချင်းနီးခဲ့ကာ ကွဲသွားသော ဒဏ်ရာအား ချုပ်ခဲ့ရသည်။

ရှော်လ်ကာ အားကစားဒါရိုက်တာ ဟော့စ် ဟဲလ်ဒ်ကမူ ထိုအဖြစ်အပျက်ဖြစ်ပွားကြောင်း အတည်ပြုခဲ့ပြီး အသင်းမှ စုံစမ်းမှုများ ပြုလုပ်နေကာ အရာဝတ္ထုဖြင့် ပစ်ပေါက်သူကိုလည်း ရှာဖွေနေသည်ဟု ပြောကြားခဲ့သည်။

`ဒီကိစ္စဆောင်ရွက်သူကို ဖော်ထုတ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒီလုပ်ရပ်ဟာ လက်မခံနိုင်စရာပါပဲ´ ဟု ဟဲလ်ဒ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ထိုပွဲအရှုံးကြောင့် ရှော်လ်ကာမှာ အဆင့် ၆ အထိရောက်ရှိသွားခဲ့သည်။

Comments

Leave a Reply