News @ M-Media

ဘာစီလိုနာမှာ ဂွာဒီယိုလာရှိနေစဉ်ကဲ့သို့ အောင်မြင်မှုများရရန် မလွယ်တော့ဟု ကွင်းလယ်လူ ဇာဗီဆို

ဒီဇင်ဘာ ၂၂၊ ၂၀၁၄
M-Media

1476162_813513952024410_102853777739011161_n

– ဘာစီလိုနာတွင် ဆက်နေရန် မိမိ၏ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟု ဘာစီလိုနာ
ကွင်းလယ်ဖန်တီးရှင် ဇာဗီက ပြောကြားလိုက်ပြီး ဂွာဒီယိုလာလက်ထက် မိမိတို့ရရှိခဲ့သော အောင်မြင်မှုများကို ပြန်ရရန် ခက်ခဲမည်ဟုလည်း ၀န်ခံပြောဆိုခဲ့သည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဇာဗီမှာ ယခုနှစ်ရာသီ ဘာစီလိုနာတွင်
ပထမဦးစားပေးကစားသမားအဖြစ် ရွေးချင်းခြင်းမခံရတော့ဘဲ ပွဲထွက်နေရာအတွက် အခြားကစားသမားများနှင့် ယှဉ်ပြိုင်ရမှုများ ရှိလာခဲ့သည်။

ထို့ကြောင့် ဘာစီလိုနာမှ ထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း ဇာဗီက ငြင်းဆိုခဲ့ပြီး ရီးယဲလ်သို့ပြောင်းရွှေ့မည်ဆိုသည့် သတင်းမှာလည်း မမှန်ကန်ကြောင်း
ပြောကြားခဲ့သည်။

`ကျွန်တော်ဟာ ဘာစီလိုနာကို အရူးအမူးဖြစ်သူပါ။ ရီးယဲလ်မှာပျော်မှာမဟုတ်ပါဘူး။ ကျွန်တော်လိုချင်တဲ့၊ အမြဲတမ်းအိပ်မက်မက်နေတဲ့ နေရာမှာ ကျွန်တော်ရှိနေတာပါ။ ကျွန်တော်
ကံကောင်းတယ်လို့ အမြဲတွေးပါတယ်။ ဘောလုံးဟာ ကျွန်တော့်ဘ၀ပါ။ ဘာစီလိုနာကနေ မထွက်ခွာတာဟာ ကျွန်တော့်ဘ၀အတွက် အကောင်းဆုံးရွေးချယ်မှုပါ´ ဟု ဇာဗီက သတင်းထောက်များအား ပြောကြားခဲ့သည်။

သို့သော်လည်း မိမိတို့အသင်းနေဖြင့် ဂွာဒီယိုလာလက်ထက်က ရရှိခဲ့သည့် အောင်မြင်မှုမျိုး ရရှိရန် ခက်ခဲကြောင်း၊ သို့သော်လည်း လာမည့်၂၀၁၅ ခုနှစ်တွင် ဆုတံဆိပ်များ ရယူနိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ဘာစီလိုနာ နည်းပြ အန်းရစ်ကမူ ဇာဗီမှာ အသင်းအောင်မြင်မှုအတွက် အရေးပါသည့် အစိတ်ပိုင်း ဖြစ်နေတုန်းဟု ပြောကြားထားသည်။

Ref: Goal.com

Comments

Leave a Reply