News @ M-Media

ပရီးမီးယားလိဂ် တစ်နှစ်တာအပြောင်းအရွှေ့ စံချိန်တင်

ဖေဖော်ဝါရီ ၃၊ ၂၀၁၅
M-Media

pml 1

– ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ရာသီမှစ၍ ဆောင်းရာသီအပြောင်းအရွှေ့အတွင်း ပရီးမီးယားလိဂ် အသင်းများ၏ အပြောင်းအရွှေ့အသုံးစားရိတ်မှာ ပေါင် သန်း ၉၅၀ ရှိပြီး တစ်နှစ်အတွင်း စံချိန်တင် သုံးစွဲသည့်ငွေလည်း ဖြစ်လာခဲ့သည်။

ကမ္ဘာ့ဒုတိယအချမ်းသာဆုံး မန်ချက်စတာယူနိုက်တက်အသင်းကမူ ဒီမာရီယာ၊ ဟာရဲရား၊ လုခ်ရှောတို့အတွက် စုစုပေါင်း ပေါင် သန်း ၁၅၀ ကျော် အသုံးပြုခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းမျာ ယခုနှစ်ရာသီ အပြောင်းအရွှေ့အသုံးစားရိတ်တွင် ထိပ်ဆုံး၌ ရပ်တည်နေသည်။

ယခုဆောင်းရာသီအပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ စုစုပေါင်း အသုံးစားရိတ်မှာ ပေါင် သန်း ၁၃၀ ရှိပြီး ၂၀၁၄ ဆောင်းရာသီအပြောင်းအရွှေ့နှင့် တန်းတူရှိနေသည်။ ဆောင်းရာသီအပြောင်းအရွှေ့အသုံးစားရိတ် အမြင့်ဆုံးရာသီမှာ ၂၀၁၁ ခုနှစ်ဖြစ်ပြီး ပေါင် ၂၂၅ သန်း ရှိနေသည်။

ဆွမ်ဆီးမှ တိုက်စစ်မှူးဘိုနီအား ပေါင် ၂၈ သန်းဖြင့် မန်စီးတီးသို့ပြောင်းရွှေ့ခဲ့ခြင်းမှာ ၂၀၁၅ ဆောင်းရာသီအပြောင်းအရွှေ့အတွက် အမြင့်ဆုံးပြောင်းရွှေ့ကြေးဖြစ်ပြီး၊ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းမှ ဂျူအန် ကူဒရာဒိုကို ချယ်ဆီးက ပေါင် ၂၄.၈ သန်းဖြင့် ၀ယ်ယူခြင်းမှာ ဒုတိယနေရာတွင် ရှိနေသည်။

အသင်းကြီးများ လှုပ်ရှားခြင်းမရှိခဲ့သော်လည်း ဆောင်းရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ပရီးမီးယားလိဂ် ကလပ်အသင်းများ သုံးစွဲငွေမှာ ပေါင် ၄၅ သန်းရှိပြီး မနှစ်ကထက် ပေါင် ၁၀ သန်းကျော် ပိုနေသည်။

Ref:goal.com

Comments

Leave a Reply