ဖေဖော်ဝါရီ ၆၊ ၂၀၁၅
M-Media
– တိုက်စစ်မှူးဆာခိုအား အာဖရိကဖလားပွဲ ကစားနေသည့် ဆီနီဂေါအသင်းသို့ မလွှတ်ဘဲပြည်တွင်းပွဲတွင် ထည့်သုံးခဲ့သည့် ၀က်စ်ဟမ်းအသင်းကို ဖီဖာက ဒဏ်ငွေ ပေါင် ၇၁၀၀၀ ဒဏ်ရိုက်ခဲ့သည်ဟု သိရသည်။
ဆာခိုမှာ နောက်ကျောဒဏ်ရာရနေသောကြောင့် ဆီနီဂေါအသင်းနှင့် အာဖရိကဖလားပြိုင်ပွဲတွင် မကစားနိုင်ဟု ၀က်စ်ဟမ်းအသင်းက ပြောဆိုခဲ့သော်လည်း ဇန်န၀ါရီ ၂၅ ရက်နေ့က ကစားခဲ့သော FA ဖလားပြိုင်ပွဲတွင် ၀က်စ်ဟမ်းအသင်းအတွက် ပါဝင်ကစားပေးခဲ့ကာ ၁ ဂိုး သွင်းယူပေးခဲ့သည်။
ထို့ကြောင့် ဆီနီဂေါအသင်းက ဖီဖာသို့ တိုင်ကြားခဲ့ပြီးနောက် ဖီဖာက ယခုကဲ့သို့ ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၀က်စ်ဟမ်အား FA ပြိုင်ပွဲမှ ထုတ်ပယ်ခြင်း မပြုခဲ့ပေ။
ဖီဖာစည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ထုတ်ပြန်သောကြေညာချက်တွင် ၀က်စ်ဟမ်းအသင်းနှင့် ဆာခိုတို့မှာ ဖီဖာ၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းကြောင့် ၀က်စ်ဟမ်းအသင်းကို ဆွဇ်ဖရန့် ၁၀၀၀၀၀(ပေါင် ၇၁၀၀၀၀) ဒဏ်ရိုက်ခဲ့ပြီး ဆာခိုကိုလည်း သတိပေးမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
Ref: goal.com


Leave a Reply
You must be logged in to post a comment.