News @ M-Media

မိမိသေဆုံးလျှင် အကောင့်အား အခြားတစ်ယောက်ကို လွှဲနိုင်မည့် option ကို Facebook ထည့်သွင်းမည်

ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅
M-Media

fb

– မိမိသေဆုံးသွားပြီးနောက် မိမိ၏ အကောင့်အား မည်သူ့ကို စီမံခန့်ခွဲခွင့်ပေးမည်ဆိုသည်နှင့် ပတ်သက်၍ ရွေးချယ်ထားနိုင်မည့် option တစ်ခုကို ထည့်သွင်းပေးတော့မည်ဟု Facebook က ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကြေညာလိုက်သည်။

ယခုလက်ရှိတွင် အသုံးပြုသူတစ်ယောက် ကွယ်လွန်သွားပါက ၎င်း၏ အကောင့်မှာ အမှတ်တရအဖြစ်သာ ရှိနေပြီး မည်သူမှ
ဝင်ရောက်ကြည့်ရှုခွင့် မရှိချေ။ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဆိုရှယ်ကွန်ယက် ဖြစ်သော Facebook ၏ အဆိုပါ အစီအစဉ်သစ်အရ အကောင့်ပိုင်ရှင်မှာ မိမိသေဆုံးသွားမည်နောက် မည်သူ့ကို ၀င်ရောက်ကြည့်ရှုခွင့် ပေးထားမည်ဆိုသည်ကို ရွေးချယ်နိုင်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်ကို အမေရိကန်တွင် စတင်မည်ဖြစ်ပြီး legacy contact ဆိုသော နေရာတွင် မိမိသေဆုံးသွားပြီးနောက် မိမိအကောင့်အား ၀င်ရောက်စီမံခန်ခွဲနိုင်မည့်သူ၏ အကောင့်ကို ထည့်သွင်းပေးရမည်ဖြစ်သည်။ ရွေးချယ်ခံရသူမှာ သူငယ်ချင်းအသစ်များ Add ခြင်း၊ profile ဓာတ်ပုံများနှင့် cover ဓာတ်ပုံများ ပြောင်းလဲခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ကာ အကောင့်ကိုလည်း ဖျက်ပစ်နိုင်မည်ဖြစ်သည်။

ထို option ထည့်သွင်းခြင်းအပြင် သေဆုံးသွားသူ၏ မိသားစုနှင့် ချစ်သူတို့ စိတ်ထိခိုက်စေနိုင်သော သေဆုံးသွားသူ၏ အကောင့် Suggested Friend စာရင်းတွင် ပေါ်နေမှုကိုလည်း ပိတ်ပစ်ရန်အတွက် Facebook က စီစဉ်နေသည်။

Ref: todayonline

Comments

Leave a Reply