ဖေဖော်ဝါရီ ၁၄၊ ၂၀၁၅
M-Media
– အဲဗာတန်တွင် ခြေစွမ်းကောင်းများပြသနိုင်သည့် မိမိမှာ အသင်းဟောင်းချယ်ဆီးကဲ့သို့ ထိပ်တန်းကလပ်တစ်ခုခုတွင် ကစားချင်သည်ဟု တိုက်စစ်မှူး လူကာကူက ပြောကြားလိုက်သည်။
လူကာကူမှာ ပြီးခဲ့သည့်နှစ်က အဲဗာတန်အသင်းသို့ ချယ်ဆီးမှ အငှားဖြင့်ပြောင်းရွှေ့လာခဲ့ပြီးနောက် ဇူလိုင်လတွင် ပေါင် ၂၈ သန်းဖြင့် အပြီးသတ်ပြောင်းရွှေ့ခဲ့သည်။ အဲဗာတန်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် လူကာကူမှာ ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့ပြီး ၎င်းက အနာဂတ်တွင် ထိပ်တန်းကလပ်အသင်းတစ်ခုခုသို့ ပြောင်းရွှေ့ရန် အာရုံစိုက်နေသည်။
“သူတို့ (ချယ်ဆီး)က ကျွန်တော် ကစားသမားကောင်းဆိုတာ သိပါတယ်။ ပြီးတော့ ကျွန်တော် တိုးတက်ချင်ပြီး နောက်ဆုံးမှာ
ချယ်ဆီးလိုအသင်းမျိုးမှာ ကစားချင်ပါတယ်။ အဲဒီ(ချယ်ဆီး) ကို ပြန်ပြောင်းဖို့တော့ ကျွန်တော့်မှာ လျှို့ဝှက် စီမံကိန်းတွေဘာတွေ မရှိပါဘူး။ ကမ္ဘာပေါ်မှာ အခြားကလပ်တွေလည်း ရှိနေပါတယ်” ဟု လူကာကူက The Sun သတင်းစာသို့ ပြောကြားခဲ့သည်။
လူကာကူမှာ အသင်းသို့ စတင်ရောက်ရှိစဉ်က ခြေစွမ်းကောင်းများကို ပြသခဲ့သော်လည်း နောက်ပိုင်းတွင် ခြေစွမ်းပြန်လည်ကျဆင်းခဲ့ကာ ယခုနှစ်တွင် အဲဗာတန်အတွက် ၃၃ ပွဲကစားပေးထားပြီး ၁၀ ဂိုး သာ သွင်းယူပေးထားသည်။
Ref: goal.com


Leave a Reply
You must be logged in to post a comment.