News @ M-Media

မေ၀ယ်သာနှင့် ပက်ကွီအိုတို့ မေလ ၂ ရက်နေ့တွင် ထိုးသတ်မည်

ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅

M-Media

mwth 1

– လက်ဝှေ့သမိုင်းတွင် ကြေးအကြီးဆုံးပွဲအဖြစ် အမေရိကန် ဟဲဗီးဝိတ်ချန်ပီယံ ဖလွိုက်မေ၀ယ်သာနှင့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုတို့ မေလ ၂ ရက်နေ့တွင် ထိုးသတ်ရန် သဘောတူညီခဲ့သည်ဟု သိရသည်။

သတင်းများအရ အဆိုပါထိုးသတ်မှုအတွက် ပက်ကွီအိုက ယမန်နေ့တွင် သဘောတူညီခဲ့ပြီး မေ၀ယ်သာကလည်း ယနေ့တွင်သဘောတူကြောင်း တရားဝင်ပြောကြားရန် ရှိနေသည်ဟု ဆိုသည်။ စတာလင်ပေါင် ၁၆၂ သန်း ထိုးကြေးရှိပြီး လက်ဝှေ့သမိုင်းတွင် ထိုးကြေးအမြင့်ဆုံးပွဲ ဖြစ်လာမည့် ၎င်းတို့နှစ်ဦး၏ ပွဲအား အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်ရှိ MGM အားကစားရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

၎င်းတို့နှစ်ဦး ထိုးသတ်ပွဲအတွက် ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း စီစဉ်ခဲ့သော်လည်း ဖြစ်မလာခဲ့ဘဲ ပြီးခဲ့သည့်လက NBA ဘက်စကတ်ဘောပြိုင်ပွဲတစ်ခုတွင် ၎င်းတို့နှစ်ဦးတွေ့ဆုံခဲ့ပြီး ဟိုတယ်တွင် ၁ နာရီကြာ စကားပြောဆိုခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ထိုးသတ်ပွဲ ဖြစ်လာရခြင်း ဖြစ်သည်။

မေ၀ယ်သာမှာ ၎င်း၏ ကစားသမားသက်တမ်း ထိုးသတ်ခဲ့သည့် ၄၇ ပွဲတွင် ရှုံးပွဲမရှိသေးဘဲ ၂၆ ပွဲကို အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

ပက်ကွီအိုနှင့် မေ၀ယ်သာတို့၏ ယခုပွဲကြောင့် ၎င်းတို့နှစ်ဦးထဲမှ တစ်ဦးဦးနှင့် ထိုးသတ်ချင်နေသည့် ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်း၏ မျှော်လင့်ချက်မှာ ပျက်ပြယ်ခဲ့ပြီး အမီရ်းခန်းကမူ ၎င်းတို့နှစ်ဦး၏ ပွဲအား သွားရောက်ကြည့်ရှုမည်ဟု ပြောဆိုခဲ့သည်။

Ref: mirror

Comments

Leave a Reply