မတ် ၂၂၊ ၂၀၁၅
M-Media
– ထိပ်ဆုံးမှ ချယ်ဆီ၊ မန်စီးတီးတို့နှင့် အမှတ်ကွာဟမှု ကျဉ်းမြောင်းလာသော်လည်း မိမိတို့အသင်းအနေဖြင့် ချန်ပီယံဘွဲ့အတွက် စိန်ခေါ်မှုတွင် ပါဝင်မည်ဟုတ်ဘဲ ချယ်ဆီးသာလျှင် ထိပ်ဆုံးနေရာအတွက် အလွန်သေချာနေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
ယမန်နေ့က နယူးကာဆယ်အသင်းအား ဂျရူး၏ သွင်းဂိုးများနှင့် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်မှာ ထိပ်ဆုံးမှ ချယ်ဆီးနှင့် ၂ ပွဲပိုကစားကာ ၄ မှတ်အကွာ တတိယနေရာတွင်ရှိနေပြီး ဒုတိယနေရာမှ မန်စီးတီးနှင့်မူ ၁ မှတ်သာ ကွာတော့သည်။
သို့သော်လည်း ချယ်ဆီးသာလျှင် ချန်ပီယံဘွဲ့အတွက် အလွန်သေချာနေသည်ဟု ၀င်းဂါးက ဆိုသည်။
“ချယ်ဆီးဟာ လုံခြုံမှုကောင်းကောင်းရှိနေပြီး အေးအေးဆေးဆေးဖြစ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ဟာ (ချန်ပီယံဘွဲ့ စိန်ခေါ်ဖို့အတွက်) ကောက်ချက်ချလို့ မရသေးပါဘူး။ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားရမယ်။ ပြီးတော့ အမှတ်တွေ ယူသွားရပါမယ်” ဟု ၀င်းဂါးက နယူးကာဆယ်နှင့်ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် နယူးကာဆယ်နှင့်ပွဲတွင် မိမိတို့အသင်းသားများမှာ မောပန်းနွမ်းနယ်နေသည့် ပုံစံမျိုးကို မြင်ရကြောင်းပြောကြားခဲ့ပြီး ၂ ဂိုးသွင်းယူပေးခဲ့သည့် ဂျရူးကိုလည်း ချီးကျူးခဲ့သည်။
“သူ သိပ်ကောင်းပါတယ်။ သူဂိုးသွင်းတာကို ခင်ဗျားတို့ မြင်ရမှာပါ။ ဒါပေမယ့် ဘောလုံးကိုလည်း ထိန်းထားနိုင်ပါတယ်။ သူ ဒီနေ့ တော်တော်ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်”
ဂျရူးမှာ ယခုနောက်ပိုင်းပွဲစဉ်များတွင် အသင်းအတွက် ဂိုးများကို ပုံမှန်သွင်းပေးသူ ဖြစ်လာနေသည်။
Ref: Goal.com
Leave a Reply
You must be logged in to post a comment.