News @ M-Media

မိမိမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြမဟုတ်ဟု ဂွါဒီယိုလာပြောကြား

ဧပြီ ၄၊ ၂၀၁၅
M-Media

pep-guardiola-fc-bayern-munchen_1sbue0t0eifck123hpr695skzc

– မိမိမှာ ကမ္ဘာ့အကောင်းဆုံး နည်းပြတစ်ယောက်မဟုတ်ဘဲ ကစားပွဲနောက်ဆုံးတွင် ထူးခြားမှုကို လုပ်ဆောင်နိုင်သည်မှာ ကစားသမားများသာ ဖြစ်သည်ဟု ဘိုင်ယန်မြူးနစ်အသင်း နည်းပြဖြစ်သူ ဂွါဒီယိုလာက ပြောကြားခဲ့သည်။

ဘာစီလိုနာတွင် အောင်မြင်ခဲ့မှုများ၊ လက်ရှိဘိုင်ယန်အသင်းတွင် အောင်မြင်နေမှုများနှင့် ကစားပွဲအတွင်း နည်းစနစ်ပိုင်းဆိုင်ရာ ပိုင်နိုင်မှုများကြောင့် ဂွာဒီယိုလာမှာ ကမ္ဘာ့အကောင်းဆုံးနည်းပြအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီး ၎င်းကမူ လက်မခံခဲ့ပေ။

“ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြ မဟုတ်ပါဘူး။ ကစားသမားတွေကိုကူညီဖို့ ကျွန်တော် ဒီမှာရှိနေတာပါ။ ကျွန်တော်ဟာ တော်တော်လေး လှုံ့ဆော်တတ်ပြီး ကစားသမားတွေအပေါ်မှာလည်း ယုံကြည်မှုအများကြီး ထားပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက ပြောကြားခဲ့သည်။

လက်ရှိတွင် ဘိုင်ယန်မှာ ဖလား ၃ လုံးလမ်းကြောင်းပေါ်၌ ရှိနေပြီး ဂွာဒီယိုလာကမူ မိမိတို့မှာ အရေးပါသည့်အချိန်ကို ရောက်ရှိနေသည်ဟု ၀န်ခံခဲ့သည်။

“ကျွန်တော်စရောက်ကတည်းက တော်တော်လေးခက်ခဲတဲ့ကာလကို အခု ကျွန်တော် ဖြတ်သန်းရတော့မှာပါ။ လာမယ့်လအနည်းငယ်ဟာ ကျွန်တော့်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးပါ။ ဧပြီလက အဆုံးအဖြတ်ပေးမယ့်လ ဖြစ်ပြီး
ပွဲတိုင်းက ဖိုင်နယ်ပွဲလိုပါပဲ။ အခုအချိန်ကစပြီး သူတို့ဆီက စွမ်းဆောင်ရည်ကို ပိုမိုတောင်းဆိုတဲ့အကြောင်း ကစားသမားတွေက သိကိုသိထားရပါတယ်။ ကျွန်တော်တို့ အနိုင်မရဘူးဆိုရင် အပြစ်တင်ခံရမှာက ကျွန်တော်တို့ပါပဲ” ဟု ဂွာဒီယိုလာက ထပ်လောင်းပြောကြားခဲ့သည်။

Ref: Goal.com

 

Comments

Leave a Reply