ဧပြီ ၂၁၊ ၂၀၁၅
M-Media
– ရာသီကုန်တွင် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့တော့မည်ဆိုသည့် သတင်းများကို ဂွာဒီယိုလာက ငြင်းပယ်လိုက်ပြီး လာမည့်နှစ်တွင်လည်း ဘိုင်ယန်၌ပင် ဆက်လက်ရှိနေမည်ဟု ပြောကြားလိုက်သည်။
ဂွါဒီယိုလာ၏ လက်ရှိသက်တမ်းမှာ ၁ နှစ်သာ ကျန်ရှိတော့ပြီး သက်တမ်းတိုးရေးမှာလည်း ဖြစ်မလာသေးပေ။ ယခုနှစ်တွင် မျှော်လင့်သလောက် ဖြစ်မလာသည့် မန်စီးတီးအသင်းမှာ ၎င်းတို့၏နည်းပြ ပယ်လီဂရီနီ၏ နေရာတွင် ဂွါဒီယိုလာဖြင့် အစားထိုးရန် ပြင်ဆင်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
“ကျွန်တော့်ရဲ့အနာဂတ်က ဗုဒ္ဓဟူးနေ့ လေ့ကျင်ခန်းဆင်းဖို့၊ ကြာသာပတေးနေ့ နားဖို့၊ သောကြာနေ့ လေ့ကျင့်ခန်းပြန်ဆင်းဖို့ စနေနေ့ ဟာသာဘာလင်နဲ့ကစားပြီး ဘွန်ဒစ်လီဂါကိုရဖို့ စတာတွေပဲဖြစ်ပါတယ်။ နောက်နှစ် ကျွန်တော် ဒီမှာပဲ ဆက်ရှိသွားမှာပါ။ ဒါဟာ ကျွန်တော့်ရဲ့ အနာဂတ်ပါ” ဟု ဂွာဒီယိုလာက သတင်းထောက်များအား ပြောကြားခဲ့သည်။
ဘိုင်ယန်မှာ ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမကျော့ အဝေးကွင်းတွင် ပေါ်တိုအား ၃ ဂိုး ၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ယခုညတွင် အိမ်ကွင်း၌ ဒုတိယအကျော့အဖြစ် ကစားရမည်ဖြစ်သည်။
Ref: Goal.com


Leave a Reply
You must be logged in to post a comment.