ဧပြီ ၃၀၊ ၂၀၁၅
M-Media
– အသင်းအား ရလဒ်ကောင်းအောင် စွမ်းဆောင်ပေးနိုင်ခြင်း မရှိသော်လည်း မိမိအနေဖြင့် အသင်းမှ မထွက်ခွာချင်ဟု အေစီမီလန်သင်းအနည်းပြ ဖိလစ်ပိုအင်ဇာဂီက ပြောကြားလိုက်သည်။
အေစီမီလန်မှာ ယမန်နေ့က အိမ်ကွင်းတွင် ဂျီနိုအာအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး စီးရီးအေ လေးပွဲမြောက် နိုင်ပွဲပျောက်ခြင်း လည်းဖြစ်ကာ အဆင့် ၁၀ သို့ ရောက်ရှိနေသည်။ အသင်း၏ ထိုရလဒ်ဆိုးများကြောင့် အင်ဇာဂီမှာ ရာသီကုန်လျှင် ထွက်ခွာရတော့မည်ဟု ကောလဟာလများလည်း ထွက်ပေါ်နေသည်။
သို့သော်လည်း အင်ဇာဂီကမူ လက်မခံဘဲ အသင်း၏ ဂုဏ်သိက္ခာကို ပြန်ဆယ်ကာ ရာသီကိုအဆုံးသတ်ရန် အသင်းသားများအား တိုက်တွန်းခဲ့သည်။
“ကျွန်တော် ဒီမှာရှိနေတာဟာ ကစားပုံမကောင်းခဲ့တဲ့ ပွဲအကြောင်း ပြောဖို့ပါ။ ဂျီနိုအာဟာ အနိုင်နဲ့ ထိုက်တန်ပါတယ်။ အသင်းက ဘာဆုံးဖြတ်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ရမှာပါ။ ကျွန်တော်ကတော့ လုံးဝ အရှုံးမပေးချင်သေးပါဘူး” ဟု အင်ဇာဂီက Radio 1 သို့ ပြောကြားခဲ့သည်။
ထို့ပြင် အင်ဇာဂီက မိမိမှာ အရာတိုင်းအတွက် တောင်းပန်ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ခံရမည်ဖြစ်ပြီး အသင်း ပုံမှန်နေရာရောက်ရေးအတွက် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ မိမိသိရှိသည့် တစ်ခုတည်းသောအရာမှာ အလုပ်လုပ်ခြင်းသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“ဂုဏ်သိက္ခာရှိရှိနဲ့ အဆုံးသတ်ဖို့ ကြိုးစားနေတဲ့ မီလန်ကို ကျွန်တော်တို့ ကြည့်ဖို့လိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မီလန်အသင်းရဲ့ အင်္ကျီဟာ အမြဲတမ်း ဂုဏ်သိက္ခာရှိနေလို့ပါ”
Ref: Goal.com


Leave a Reply
You must be logged in to post a comment.